SJ WorldNews - шаблон joomla Авто

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၌ အဆိပ်သင့်ဓာတု ညစ်ညမ်းမှုကြောင့် နှာခေါင်း စည်းများ ပြတ်လပ်

Friday, 15 March 2019 10:28 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ     မတ်    ၁၄

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ပါဆာဂူဒန်မြို့၌ အဆိပ်သင့်ဓာတု ပစ္စည်းညစ်ညမ်းမှုကြောင့်   နှာခေါင်းစည်းဝယ်ယူ မှုမြင့်တက်ပြီး ဈေးဆိုင်များ၌ နှာခေါင်းစည်းများပြတ်လပ်ခဲ့ကြောင်း မတ် ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ်ထားသည့် စံချိန်မီ N95 အမျိုးအစား နှာခေါင်းစည်းများ အပြင် ရိုးရိုးနှာခေါင်း စည်းများလည်း ဝယ်လိုအား မြင့်တက်လာသည်။ ပါဆာဂူဒန်မြို့ရှိ ဈေးဆိုင်များ၌ မတ် ၁၂ ရက်က တည်းက နှာခေါင်း စည်းများ ရောင်းကုန်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ အနေဖြင့် နှာခေါင်းစည်းအသစ်များ မည်သည့်အချိန်တွင် ရောက်ရှိမည်ကို မသိရှိကြောင်းနှင့် ဂျိုဟိုးဘာရူကဲ့သို့ အခြား ဒေသများ၌ နှာခေါင်းစည်းများ ရှာဖွေဝယ်ယူရန် ပြည်သူများအား တိုက်တွန်း ထားကြောင်း ဈေးဆိုင်မှ ဝန်ထမ်း များက ပြောသည်။

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှ ကာကွယ်ရန် သင့်တော်သည်ဟု အကြံပြုထားသော နှာခေါင်းစည်းမှာြ၉၅ နှာခေါင်းစည်းဖြစ်ကြောင်း KPJ ပါဆာဂူဒန် အတိုင်ပင်ခံချုပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆရာဝန် ချီဝမ်အမင် နတ်ဒင်ဟာရှင်က ပြောသည်။

အဆိုပါဓာတုပစ္စည်းညစ်ညမ်းမှုကြောင့် သတိပေးချက်များ  ထပ်မံ မထုတ်ပြန်မချင်း ပါဆာဂူဒန်မြို့အတွင်းနှင့်ဝန်းကျင်ရှိ စာသင် ကျောင်း ၁၁၁ ကျောင်းကို ပိတ်ထားရန် အစိုးရက ညွှန်ကြားထားသည်။

အဆိုပါစာရင်းတွင် ဆန်ဂိုင်ကင်ကင် ဒေသ၌ ဓာတုပစ္စည်း ညစ်ညမ်းမှုကြောင့်ပိတ်ခဲ့ရသော စာသင်ကျောင်း ၁၃ ကျောင်း ပါ ဝင်ပြီး ယင်းဒေသ၌ လူ ၃ဝဝ နီးပါးဓာတုအဆိပ်သင့်မှုဒဏ်ခံစားနေရကြောင်း သိရသည်။

Ref: The Star

..............

Read 12 times Last modified on Friday, 15 March 2019 10:30