SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ ပြည့်နှစ် တိုကျိုအိုလံပစ်အတွက် စေတနာ့ဝန်ထမ်း စက်ရုပ်နှစ်ရုပ်ကို ဂျပန်ထုတ်ဖော်ပြသ

Saturday, 16 March 2019 09:21 font size decrease font size decrease font size increase font size increase font size

တိုကျို မတ် ၁၅

ဂျပန်နိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ်တွင်ကျင်းပမည့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ၌ ဘီးတပ်ကုလားထိုင်အသုံးပြုသူများအား ကူညီပေးနိုင်သော စေတနာ့ဝန်ထမ်းစက်ရုပ်နှစ်ရုပ်ကို မတ် ၁၅ ရက်တွင် ယင်းအားကစားပြိုင်ပွဲ စီစဉ်သူများက ထုတ်ဖော်ပြသကြောင်း သိရသည်။ စက်ရုပ်များမှာ လူသားထောက်ပံ့ရေးစက်ရုပ် (HSR)နှင့် ပေးပို့ထောက်ပံ့ရေးစက်ရုပ်(DSR) တို့ဖြစ်ပြီး ၎င်းတို့က ဧည့်ကြိုများ အဖြစ်ပြုလုပ်ကာ အားကစားပြိုင်ပွဲ၌ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် စားသောက်ဖွယ်ရာများ ယူဆောင်ပေးမည်ဖြစ်သည်။ အားကစားပြိုင်ပွဲအစတွင် ခါးထိမြင့်သော စက်ရုပ်စေတနာ့ ဝန်ထမ်းများက စားသုံးသူများကို ရွှင်ပျစွာမိတ်ဆက်မည်ဖြစ်ပြီး ထို့နောက် စားသုံးသူများက တက်ဘလက်မှတစ်ဆင့် စားသောက်ဖွယ်ရာများကို မှာယူနိုင်သည်။ လက်တွေ့တွင် စားသောက်ဖွယ်ရာများ တင်သည့် လင်ပန်းပါသော DSR စက်ရုပ်က အလင်းရောင်များ တဖျပ်ဖျပ်ထွက်နေပြီး ရွေ့လျားနေသော အမှိုက်ပုံးနှင့် ဆင်တူသော်လည်း ယင်းနည်းပညာသည် ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက် သက်သောင့်သက်သာရှိသော ဂိမ်းအတွေ့အကြုံများပေးနိုင်ကြောင်း တိုယိုတာကုမ္ပဏီကပြောသည်။ စက်ရုပ်များနှင့် ဆက်သွယ်ရန်လွယ်ကူပြီး ခရီးသွားများအနေဖြင့် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ အိုလံပစ်ပြိုင်ပွဲအကြိုကာလတွင် ၎င်းတို့သည် စက်ရုပ်များလုပ်ဆောင်နိုင်သော အခြားအသုံးဝင်လုပ်ငန်းများကို ပြုလုပ်မည် ဖြစ်ကြောင်း ၂ဝ၂ဝ ပြည့်နှစ်စက်ရုပ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အထွေထွေမန်နေဂျာ မီနိုရူယာမူချီကပြောသည်။ တိုယိုတာကုမ္ပဏီသည် လက်ရှိတွင် ၂ဝ၂ဝ ပြည့်နှစ်အိုလံပစ် အားကစားပြိုင်ပွဲ၌ စက်ရုပ် ၁၆ ခု ဖြန့်ကြက်ရန်စီစဉ်နေကြောင်း သိရသည်။

Read 11 times Last modified on Saturday, 16 March 2019 09:25