SJ WorldNews - шаблон joomla Авто

အမေရိကန်အရှေ့ပိုင်း၌ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့် လေဆင်နှာမောင်း တိုက်မှုတို့ဖြစ်ပွား

Saturday, 16 March 2019 09:25 font size decrease font size decrease font size increase font size increase font size

အီအိုဝါ မတ် ၁၅

အမေရိကန်နိုင်ငံအရှေ့ပိုင်း၌ ယခုရက်သတ္တပတ်အတွင်း နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှု၊ လေဆင်နှာမောင်း တိုက်ခတ်မှုတို့ ဖြစ်ပွားကြောင်း သိရသည်။ နှင်းမုန်တိုင်းတိုက်မှုကြောင့် အိုင်အိုဝါမြို့၌ ရေကြီးမှုများဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းမြို့၏အုပ်ချုပ်ရေးမှူး ကင်ရေးနိုး၏ သဘာဝဘေးအန္တရာယ် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နီဘရာစကာမြို့၌ နှင်းမုန်တိုင်းတိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တံတားများ၊ လမ်းများပျက်စီးသည့်အပြင် ဆည်တမံများလည်း ပျက်စီးဆုံးရှုံးကာ ဒေသခံထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားကြောင်း Lincoln Journal Star သတင်းဌာနက ဖော်ပြသည်။ နီဘရာစကာမြို့တော်အုပ်ချုပ်ရေးမှူး ပီတီရစ်ကတ်ကလည်း အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ပြင် ကန်တက်ကီပြည်နယ်၊ အင်ဒီယာနာ ပြည်နယ်နှင့် မီချီဂန်ပြည်နယ်တို့တွင်လည်း မတ် ၁၄ ရက်တွင် လေဆင်နှာမောင်း ၁၃ ကြိမ် တိုက်ခတ်ကြောင်း မေရီလန်းပြည်နယ် အမျိုးသားမိုးလေဝသ ခန့်မှန်းရေးဌာနမှ မိုးလေဝသပညာရှင် ဘော့အိုရာဗက်က ပြောသည်။ သို့သော် ဆိုးဆိုးရွားရွားပျက်စီးမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိပေ။ ၂၄ နာရီအတွင်း လေဖိအားတိုင်းယူနစ်မှာ ၂၄ အထိ ကျဆင်းသွားချိန်တွင် နှင်းမုန်တိုင်းဖြစ်ပွားလေ့ရှိကြောင်း မိုးလေဝသ ပညာရှင်များကပြောပြီး အဆိုပါမုန်တိုင်းကို ဗုံးဆိုင်ကလုန်းအဖြစ်ခေါ်ဆိုကြောင်း သိရသည်။ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တောင်တန်းဒေသဖြစ်သော ကော်လိုရာဒိုပြည်နယ်၌ နှင်းထုမှာ ၂ ပေအထိမြင့်တက်လာသဖြင့် ဒန်ဗာမြို့၌လေယာဉ်ခရီးစဉ် ၁၃ဝဝ ကျော်ဖျက်သိမ်းပြီး ကားလမ်းမများပေါ်တွင်လည်း မော်တော်ယာဉ်စီးနင်းသူ ၁ဝဝဝ ကျော် ပိတ်မိနေကြောင်း သိရသည်။

Read 12 times Last modified on Saturday, 16 March 2019 09:27