SJ WorldNews - шаблон joomla Авто

အမေရိကန်၏ ဒုံးကျည်တိုက်ဖျက်ရေးစမ်းသပ်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

Sunday, 24 March 2019 11:44 font size decrease font size decrease font size increase font size increase font size

မော်စကို မတ် ၂၃

အမေရိကန်အစိုးရအနေဖြင့် ဒုံးကျည် တိုက်ဖျက်ရေးစမ်းသပ်မှုကို လုပ်ဆောင်မည် ဆိုပါက ရုရှားနိုင်ငံက လိုအပ်သည့်တုံ့ပြန်မှု များကိုလုပ်ဆောင်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မတ် ၂၂ ရက်တွင် ပြောသည်။

၂ဝ၂ဝ ပြည့်နှစ်တွင် SM-3 Block IIA ကြားဖြတ်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM)ကို စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်မည့်အမေရိ ကန်၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အမေရိ ကန်သတင်းဌာနက မကြာသေးမီတွင်ထုတ်ပြန် ထားကြောင်း ရုရှားကဆက်ပြောသည်။

အမေရိကန်အစိုးရ၏ အစီအစဉ်များမှာ မဖြစ်နိုင်သော်လည်း စိုးရိမ်ရကြောင်းနှင့်တည် ငြိမ်မှုကို ပျက်ပြားစေမည့် သဘောသဘာဝ ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာတစ်စောင်တွင် ပြောသည်။

အမေရိကန်အနေဖြင့် ၄င်းတို့၏ဒုံးကျည် ကာကွယ်ရေးစနစ်ကို စမ်းသပ်ပါက ရုရှား နိုင်ငံသည် နည်းပညာမြင့်ဒုံးကျည်များအပြင် လိုအပ်သည့်ဆောင်ရွက်ချက်များကို လုပ် ဆောင်ရမည်ဖြစ်ကြောင်း ရုရှားဝန်ကြီးဌာနက ဆက်လက်ပြောသည်။

ရုရှားအစိုးရက ဇန်နဝါရီလတွင် တုံ့ပြန် ခဲ့သည့် အမေရိကန်ဒုံးကျည်ကာကွယ်ရေး သုံးသပ်ချက်တွင် အလားတူပြောဆိုထား ကြောင်း သိရသည်။

Read 17 times Last modified on Sunday, 24 March 2019 11:46