SJ WorldNews - шаблон joomla Авто

Yellow Vest ဆန္ဒပြမှုကို ထိန်းချုပ်ရန်ပြင်သစ်အစိုးရတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ပူးပေါင်း

Sunday, 24 March 2019 11:46 font size decrease font size decrease font size increase font size increase font size

ပဲရစ် မတ် ၂၃

ပြင်သစ်အစိုးရတပ်ဖွဲ့ဝင်များသည် သမ္မတ အီမန်နျူရယ်မက်ခရွန်ကို ဆန့်ကျင်သည့် Yellow Vest ဆန္ဒပြအဖွဲ့၏ ရက်သတ္တ ၁၉ ပတ်မြောက်ဆန္ဒပြမှုကို ထိန်းချုပ်ရန်အတွက် မတ် ၂၃ ရက်တွင် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်တွင် စတိုးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ၌ လုယက်ဖျက်ဆီးမှုများဖြစ်ပွားပြီးနောက် Champs Elysees ရင်ပြင်တွင် ဆန္ဒပြသူများစုဝေးခြင်းကို တာဝန်ရှိသူများက တားမြစ်ထားသည်။

ပြင်သစ်နိုင်ငံ၌ အစိုးရ၏လောင်စာဆီ အခွန်တိုးမြှင့်မှုအပေါ် ပြည်သူလူထုက စိတ်ဆိုး ဒေါသထွက်ခဲ့ပြီးနောက် ၂ဝ၁၈ ခုနှစ် နိုဝင် ဘာလမှစတင်၍ ပဲရစ်မြို့တော်နှင့် အခြား မြို့တော်ကြီးများတွင် ဆန္ဒပြသူများ စုဝေးဆန္ဒပြကြသည်။

အဆိုပါဆန္ဒပြမှုသည် မက်ခရွန်အစိုးရ ၏ နိုင်ငံရေး၊ လူမှုရေးကိစ္စရပ်များအပေါ် လူအများ၏ တုံ့ပြန်မှုအသွင်ဖြစ်လာခဲ့ကြောင်း သိရသည်။

Read 21 times Last modified on Sunday, 24 March 2019 11:49