SJ WorldNews - шаблон joomla Авто

တရုတ်ပိုးလမ်းမသစ်စီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်များ ကာကွယ်ပြောဆို

Sunday, 24 March 2019 11:49 font size decrease font size decrease font size increase font size increase font size

ပေကျင်း မတ် ၂၃

တရုတ်နိုင်ငံ ပေကျင်းမြို့၌ မတ် ၂၃ ရက် တွင်ကျင်းပသော ထိပ်သီးဆွေးနွေးပွဲ၌ ပိုးလမ်းမသစ်စီမံကိန်းနှင့်ပတ်သက်၍ စီးပွား ရေးပညာရှင်များနှင့် ကျွမ်းကျင်သူများက ကာကွယ်ပြောဆိုလိုက်ကြောင်း သိရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ ပြည်ပရေးရာ မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာဖြစ် သောပိုးလမ်းမသစ်စီမံကိန်းသည် ယင်း စီမံကိန်း၌ပါဝင်သည့်နိုင်ငံများကို အကြွေးပိ စေသော တရုတ်အစိုးရ၏ပရိယာယ်ဟု မကြာခဏဝေဖန်ခံရသည်။ သို့သော် ပိုးလမ်းမသစ်စီမံကိန်းနှင့်ပတ်သက်၍ ကနဦး လုပ်ဆောင်ချက်များကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်းသည် အောင်မြင်မှုများ ဆက်လက်ရရှိမည်ဖြစ် ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြော သည်။

ပိုးလမ်းမသစ်စီမံကိန်းကို စတင်အကောင် အထည်ဖော်နေပြီဖြစ်သဖြင့် စီးပွားရေးနှင့်ပတ်သက်၍ အခြေခံကျသော အကျိုးကျေးဇူး များကို လျစ်လျူမရှုသင့်ကြောင်း BHP Billiton သတ္တုတွင်းတူးဖော်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် အန်ဒရူးမက်ကန်ဇိုင် က ပြောသည်။

ပိုးလမ်းမသစ်စီမံကိန်းသည် တရုတ်နိုင်ငံ မှ ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံအချို့သို့ ဆက်သွယ်နိုင်မည့်စီမံကိန်းဖြစ်ပြီး ဆိပ်ကမ်း များ၊ မီးရထားလမ်းများ၊ အဝေးပြေးလမ်းများ နှင့် စက်မှုလက်မှုလုပ်ငန်းများပါဝင်သည်။ နိုင်ငံများနှင့်အဖွဲ့အစည်း ၁၅ဝ ခန့်က အဆိုပါစီမံကိန်း၏ကနဦးအစီအစဉ်များတွင် ပူးပေါင်း ခဲ့သည်။

တရုတ်အစိုးရသည် ပိုးလမ်းမသစ်စီမံကိန်း ၌ ပါဝင်သည့်နိုင်ငံများကို အကြွေးပိစေသော တရုတ်၏နိုင်ငံရေးပရိယာယ်နှင့် ဒေသတွင်းအင်အားကြီးမားစေရန် ကြိုးပမ်းမှုဖြစ်ကြောင်း နိုင်ငံတကာက ဝေဖန်လျက်ရှိသည်။ မတ် ၂၃ ရက်တွင် ကျင်းပသောထိပ်သီး ဆွေးနွေးပွဲ၌ ပိုးလမ်းမသစ်စီမံကိန်းသည် ပါဝင်သည့်နိုင်ငံများအား မည်သို့အကျိုးရှိစေ သည်ကို စီးပွားရေးခေါင်းဆောင်များက ပြောဆို ထားကြောင်း သိရသည်။

Read 35 times Last modified on Sunday, 24 March 2019 11:52