SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၌ ၂ဝ၂၁ ခုနှစ်တွင် တစ်ခါသုံး ပလတ်စတစ်များ အသုံးပြုမှု တားမြစ်မည်

Friday, 29 March 2019 09:03 font size decrease font size decrease font size increase font size increase font size

ဥရောပသမဂ္ဂမှ လွှတ်တော် အမတ်များ၏ မတ် ၂၇ ရက်တွင် မဲခွဲဆုံးဖြတ်ချက်အရ ၂ဝ၂၁ ခုနှစ်တွင် ဥရောပအဖွဲ့ဝင် နိုင်ငံများ၌ တစ်ခါသုံး ပန်းကန်ပြား၊ ဇွန်း၊ ခွက်များကဲ့သို့ တစ်ခါသုံး ပလတ်စတစ်များ အသုံးပြုခြင်းကို တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သမုဒ္ဒရာအတွင်း၌ ပလတ်စတစ်ညစ်ညမ်းမှု ကြီးထွား လာသည်နှင့်အမျှ အစာအိမ် အတွင်း၌ ပလတ်စတစ်များဖြင့် ပြည့်နှက်ကာ သေဆုံးနေသော ဝေလငါးများနှင့် ရေနေသတ္တဝါ အရေအတွက် များပြားလာရာမှ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည် ယင်းကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်လာကြောင်း သိရသည်။

ပင်လယ်အတွင်း၌ရှိသော အမှိုက်သရိုက် များအနက် ၈၅ ရာခိုင်နှုန်းသည် ပလတ်စတစ်များသာ ဖြစ်သည်။

ဥရောပလွှတ်တော်သည် ပန်းကန်ပြား၊ လေပူဖောင်းဒုတ်ချောင်း၊ အစားအစာနှင့် အဖျော်ယမကာများ ထည့်နိုင်သည့် ပလတ်စတစ်ဖော့ဘူးများ အပါအဝင် တစ်ခါသုံးပလတ်စတစ် ၁ဝ မျိုးကို အသုံးပြုခွင့် တားမြစ်ရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၆ဝ မဲ၊ ကန့်ကွက်မဲ ၃၅ မဲဖြင့် အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ခါသုံးပလတ်စတစ် ၁ဝ မျိုးသည် ဥရောပကမ်းခြေများ၌ တွေ့ရှိမှု အများဆုံး ပလတ်စတစ်များ ဖြစ်ကြောင်း သိရသည်။

ဥရောပအစိုးရ အဖွဲ့ဝင်များသည် တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှု တားမြစ်ရေး နောက်ဆုံးအတည်ပြုမှုကို ဧပြီ ၁၅ ရက်နောက်ဆုံးထား၍ ပြုလုပ်သွားရမည် ဖြစ်သည်။

ဥရောပသမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့သည် တစ်ခါသုံး ပလတ်စတစ်များ ထိန်းချုပ်ဟန့်တားရေးကို ၂ဝ၁၈ ခုနှစ် မေလတွင် အဆိုပြုခဲ့ကြောင်းနှင့် ဥရောပ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် လွှတ်တော်အမတ် ၇၅၁ ဦးတို့သည် ယင်းကိစ္စကို ဒီဇင်ဘာလတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref: Reuters/ Bloomberg

Read 81 times Last modified on Friday, 29 March 2019 09:04