SJ WorldNews - шаблон joomla Авто

အမေရိကန် မရိန်း တပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စင်းပျက်ကျ လေယာဉ်မှူးနှစ်ဦး သေဆုံး

Tuesday, 02 April 2019 09:17 font size decrease font size decrease font size increase font size increase font size

ယူမာ၊ မတော်တဆမှု

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ယူမာမြို့အနီး၌ မရိန်းတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုဖြစ်ပွားရာ လေယာဉ်မှူး နှစ်ဦးသေဆုံးကြောင်း   အမေရိကန်မရိန်း တပ်ဖွဲ့က မတ် ၃၁ ရက်တွင်ပြောသည်။

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုသည် မတ် ၃ဝ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် AH-1Z Viper ရဟတ်ယာဉ်မှ လေယာဉ်မှူးများသည် ပုံမှန်ပျံသန်းမှု လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မရိန်း တပ်ဖွဲ့ လေကြောင်းဌာနက ထုတ်ပြန်ထားသည်။

ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေပြီး  သေဆုံးသူ လေယာဉ်မှူးများ၏  အမည် ကို လက်ရှိတွင် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ သေဆုံးသူများ၏  မိသားစုဝင်များကိုလည်း အသိမပေးသေး ကြောင်း သိရသည်။

ဘဲ(လ်) ကုမ္ပဏီထုတ် AH-1Z ရဟတ်ယာဉ်သည် အင်ဂျင်နှစ်လုံးတပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အမေရိကန် မရိန်း တပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် ဒီဇိုင်းရေးဆွဲ ထားခြင်းဖြစ်သည်။ ထိုရဟတ် ယာဉ်၏ ဘေးနှစ်ဖက်တွင် ဝေဟင်မှဝေဟင် ပစ်ဒုံးကျည်နှစ်စင်း အပြင် ဟဲဖိုင်းယားဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် ၁၆ စင်းနှင့် ဒုံး ၇၆ စင်း တပ်ဆင်နိုင်ကြောင်း သိရသည်။

Ref: Sputnik

Read 49 times Last modified on Tuesday, 02 April 2019 09:19