SJ WorldNews - шаблон joomla Авто

အိန္ဒိယက ဒုံးပျံတစ်စင်းတည်းဖြင့် မတူညီသော ကမ္ဘာပတ်လမ်း သုံးခုအတွင်းသို့ ဂြိုဟ်တုများ လွှတ်တင်နိုင်

Tuesday, 02 April 2019 10:09 font size decrease font size decrease font size increase font size increase font size

အိန္ဒိယ နိုင်ငံသည် ဒုံးပျံတစ်စင်းတည်းကို အသုံးပြုကာ ပြည်တွင်းနှင့်ပြည်ပ နိုင်ငံများမှ ဂြိုဟ်တုများကို မတူညီသော ကမ္ဘာပတ်လမ်းကြောင်း သုံးခုအတွင်းသို့ ဧပြီ ၁ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းများ အတွင်းသို့ လွှတ်တင်နိုင်ခြင်းလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုဖျက်ဒုံးကျည်တစ်စင်းဖြင့် ၎င်းတို့၏ ဂြိုဟ်တုတစ်စင်းကို ပစ်ချပြီးနောက် သီတင်းပတ် တစ်ပတ်နီးပါး အကြာတွင် ပြည်တွင်းအတွက် ထောက်လှမ်းရေး ဂြိုဟ်တုတစ်စင်းနှင့် ပြည်ပနိုင်ငံများမှ ဂြိုဟ်တု ၂၈ စင်းကို ကမ္ဘာပတ်လမ်းများ အတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခြင်း ဖြစ်သည်။

ပြည်ပနိုင်ငံများမှ ဂြိုဟ်တု ၂၄ စင်းတွင် အမေရိကန်နိုင်ငံမှ ဂြိုဟ်တု ၂၄ စင်း၊ လစ်သူရေးနီးယား နိုင်ငံမှ ဂြိုဟ်တု နှစ်စင်း၊ စပိန်နှင့်ဆွစ်ဇာလန် နိုင်ငံတို့မှ ဂြိုဟ်တုတစ်စင်းစီ ဖြစ်ကြောင်း အိန္ဒိယ အာကာသ သုတေသန အဖွဲ့(ISRO)က ပြောသည်။

အဆိုပါ ဂြိုဟ်တုများကို ဝင်ရိုးစွန်းဂြိုဟ်တု လွှတ်တင်ရေးယာဉ် (PSLV) ဒုံးပျံဖြင့် နိုင်ငံအရှေ့တောင်ပိုင်းရှိ အန်ဒရာပရာဒေ့ပြည်နယ်မှ လွှတ်တင်လိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဒုံးပျံတစ်စင်းတည်းဖြင့် ကမ္ဘာပတ်လမ်း သုံးခုအတွင်း ဂြိုဟ်တုများ လွှတ်တင်နိုင်ခြင်းသည် ဂြိုဟ်တုလွှတ်တင်မှု ကုန်ကျစရိတ်ကို အများဆုံး လျှော့ချပေးနိုင်ကြောင်းနှင့် ယခုနှစ်အတွင်း အလားတူ လွှတ်တင်မှုမျိုး အကြိမ် ၃ဝ ခန့် လုပ်ဆောင်သွားရန် ရှိကြောင်း ISRO မှ ဥက္ကဋ္ဌ ကေဆီဗန်က ပြောသည်။

အိန္ဒိယ နိုင်ငံသည် ရူပီးဘီလီယံ ၁ဝဝ အောက် အသုံးပြုပြီး နိုင်ငံ၏ ပထမဆုံးသော လူလိုက်ပါသည့် အာကာသခရီးစဉ်ကို ၂ဝ၂၂ ခုနှစ်တွင် ဖော်ဆောင်သွားမည် ဖြစ်သည်။ ထိုငွေကြေး ပမာဏသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဖော်ဆောင်သည့် အလားတူ အာကာသ ခရီးစဉ် ကုန်ကျစရိတ်များထက် များစွာ နည်းပါးကြောင်း သိရသည်။ Ref: Reuters

Read 74 times Last modified on Tuesday, 02 April 2019 10:10