SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သြစတြေးလျက လေးလဆက်တိုက် စံချိန်တင် အပူချိန် မြင့်တက်မှုကို ခံစားရ

Tuesday, 02 April 2019 10:10 font size decrease font size decrease font size increase font size increase font size

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ သြစတြေးလျနိုင်ငံ၏ အပူချိန်သည်လည်း မတ်လတွင် စံချိန်တင် မြင့်တက်ကြောင်းနှင့် ထိုသို့အပူချိန် မြင့်တက်မှုသည် လေးလဆက်တိုက် အပူချိန် မြင့်တက်မှု ဖြစ်ကြောင်း သိရသည်။

မတ်လသည် သြစတြေးလျနိုင်ငံ သမိုင်းတွင် အပူဆုံးလတစ်လ ဖြစ်ကြောင်း၊ နိုင်ငံ၏ အပူဆုံးနှင့် အအေးဆုံး အပူချိန်ကွာခြားချက်မှာ များစွာ ကွာဟသွားကြောင်း မိုးလေဝသဌာနက ဧပြီ ၁ ရက်တွင် ပြောသည်။

သြစတြေးလျနိုင်ငံသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အပူချိန်မြင့်တက်ခြင်းကို ခံစားရခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှစ၍ ပျမ်းမျှအပူချိန်မှာ ၃ဝ ဒီဂရီစင်တီဂရိတ်အထိ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သည်။

မတ်လတွင် အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းနှစ်ခုသည် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းတို့၌ ဝင်ရောက် တိုက်ခတ်ခြင်းကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရသော ဒေသအချို့အတွက် လိုအပ်သော မိုးရေကို ရရှိခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့ အတွင်းရှိ မိုးလေဝသ အခြေအနေကြောင့် အပူချိန်ဆက်လက် မြင့်တက်နေဦးမည် ဖြစ်ပြီး ရေရှည်ရာသီဥတု ပြောင်းလဲမှု ကြောင့်လည်း အပူချိန် မြင့်တက်နေမည် ဖြစ်ကြောင်း မိုးလေဝသပညာ ရှင်များက ပြောသည်။

Ref: AFP

Read 76 times Last modified on Tuesday, 02 April 2019 10:17