SJ WorldNews - шаблон joomla Авто

နယူး ဇီလန်၏ လက်နက် ကိုင်ဆောင်မှု ဥပဒေ အသစ်ကို အောင်မြင်စွာ အတည်ပြု

Wednesday, 03 April 2019 10:02 font size decrease font size decrease font size increase font size increase font size

ဝယ်လင်တန်၊ ပြည်တွင်းလုံခြုံရေး

နယူးဇီလန်နိုင်ငံ ခရစ်ချာ့မြို့ရှိဗလီနှစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်နက်ကိုင်ဆောင်မှုများကို တင်းကျပ်မည့် ဥပဒေ အသစ်သည်   လွှတ်တော်သို့တင်သွင်းစဉ် လွယ်ကူစွာအောင်မြင်ခဲ့ကြောင်း ဧပြီ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မတ် ၁၅ ရက်တွင်ဖြစ်ပွားသောတိုက်ခိုက် မှုတွင် အကြမ်းဖက်သမားအသုံးပြုခဲ့သော သေနတ်ကဲ့သို့   စစ်သုံးပုံစံရိုင်ဖယ် များကို တားမြစ်ထားသော  ယင်းဥပဒေကြမ်းသည် ထောက်ခံမဲ ၁၁၉ မဲ ကန့်ကွက်မဲ တစ်မဲဖြင့် အောင်မြင် ခဲ့ခြင်း ဖြစ်သည်။

လူအယောက် ၅ဝ သေဆုံးစေသော သေနတ်သမား ဘရန်တန်တာရန့်၏ တိုက်ခိုက်မှုသည် နိုင်ငံ၏ လက်ရှိ လက်နက် ကိုင်ဆောင်မှု ဥပဒေယိုယွင်းနေသည်ကို  ပြသနေခြင်းဖြစ်ကြောင်း၊ နိုင်ငံ၌လူများလွန်းခြင်းက တရား မဝင် ရည်ရွယ်ချက် အတွက် အဆိုပါအန္တရာယ် များသောသေနတ်များအသုံးပြုရန်  အခွင့်အရေးရှိနေပြီး ပြည်သူများကို   အဓိက အန္တရာယ်ဖြစ် စေကြောင်း ရဲချုပ် စတာ့နတ်က ပြောသည်။

အဆိုပါဥပဒေကို လာမည့်ရက်သတ္တပတ် အကုန်တွင်အာဏာ သက်ရောက်စေရန် ယင်းဥပဒေ ပြဋ္ဌာန်းရေးကို ၎င်း၏ အပေါင်း အဖော်များက လျင်မြန်စွာ ကိုင်တွယ်နေမှုနှင့် ပတ်သက်၍ ACT ပါတီဝင်တစ်ဦးက ပြစ်တင် ဝေဖန်ထားသည်။    ပုံမှန်အားဖြင့်  ဥပဒေတစ်ခု ပြဋ္ဌာန်းရေးသည် လပေါင်းများစွာ ကြာမြင့်သည်။               

Ref: AFP

Read 44 times Last modified on Wednesday, 03 April 2019 10:02