SJ WorldNews - шаблон joomla Авто

လန်ဒန်မြေအောက်မီးရထား ဗုံးခွဲမှုတွင် ပါဝင်သူ တစ်ဦးကို ရဲတပ်ဖွဲ့ ထပ်မံ ဖမ်းဆီး

Monday, 18 September 2017 09:43 font size decrease font size decrease font size increase font size increase font size

လန်ဒန် စက်တင်ဘာ ၁၇

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြေအောက်မီးရထားတစ်စင်းကို ဗုံးခွဲတိုက်ခိုက်ရာတွင်ပါဝင် သူတစ် ဦးကိုရဲ တပ်ဖွဲ့က ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည်

စက် တင်ဘာ ၁၅ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင်ပါဝင်သည့် အသက် ၁၈ နှစ်ရှိ အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက် အစောပိုင်းတွင် ဒိုဗာဆိပ်ကမ်းမြို့၌ ဖမ်းဆီး ရမိခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့သည် ၎င်းကို ဒိုဗာမြို့မှ ထွက်ခွာရန်ပြင်ဆင်နေစဉ် ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ် သည်။

ယင်းနောက်တွင် ရဲတပ်ဖွဲ့သည် လန်ဒန်မြို့ ဆင်ခြေဖုံးတစ်ခုဖြစ်သည့် ဟောင်းစလိုအရပ်မှ ၆ ကီလိုမီ တာအကွာ ဆန်းဘယ်ရီမြို့ရှိ နေအိမ်တစ်အိမ်ကို စီးနင်း၍ အခြားအမျိုးသားတစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့သည်ဟုသိရသည်။ ထပ်မံဖမ်းဆီးရမိသည့် အမျိုးသားမှာ အသက် ၂၁ နှစ်ရှိပြီး ၎င်းကို အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ ဖမ်းဆီးထားကြောင်း မြို့တော်ရဲတပ်ဖွဲ့ က ထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ခိုက်မှု၏နောက်ကွယ်တွင် အကြမ်းဖက်အဖွဲ့ ရှိနေသည် ဟူသော အထောက်အထားများကို ရရှိထားကြောင်း ထောက်လှမ်းရေး အဖွဲ့က ဆိုသည်။ ယင်းတိုက်ခိုက်မှုအတွင်း လူ ၃ဝ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင် များက ထုတ်ပြန်ထားသည်။

လန်ဒန်မြို့တွင် ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုနှစ်ခုအပါအဝင် ဗြိတိန်နိုင်ငံ အတွင်း၌ ဖြစ်ပွားခဲ့ သော အကြမ်းဖက် တိုက်ခိုက်မှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS  စစ် သွေးကြွအဖွဲ့က ထုတ်ပြန် ထားသည်။

Read 338 times Last modified on Monday, 18 September 2017 10:44