SJ WorldNews - шаблон joomla Авто

အမေရိကန်တွင် လူအုပ်အတွင်းသို့ ကားတစ်စီး ဝင်တိုက် အနည်းဆုံး ၁၁ ဦးဒဏ်ရာရ

Monday, 18 September 2017 09:47 font size decrease font size decrease font size increase font size increase font size

ဘွိုက် စက်တင်ဘာ ၁၇

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း အိုင်ဒါဟိုပြည်နယ်၌ မော်တော်ကား တစ် စီးက လူအုပ် အတွင်းသို့ ဝင်တိုက်ခြင်းကြောင့် အနည်းဆုံးလူ ၁၁ ဦး ဒဏ်ရာရရှိ သွားကြောင်း

ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။ကနဦးထုတ်ပြန်ချက်အရ ပေါ်ရှေးအမျိုးအစားအဆိုပါကားသည် စက်တင်ဘာ ၁၇ရက် နံနက် ပိုင်းတွင် ဘွိုက်မြို့၌ ကျင်းပနေသည့် Cars and CoffeeCar Showပြ ပွဲ၏ ယာဉ်ရပ် နားရာ နေရာမှ ထွက်ခွာစဉ် ယာဉ်မောင်းသည် မော်တော် ကားအား ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြပွဲ ကိုကြည့် ရှု နေသည့်လူအုပ်အတွင်းသို့ဝင်တိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းရဲတပ်ဖွဲ့ကဆိုသည်။ အဆိုပါမတော်တဆမှု မဖြစ်ပွားမီ ယာဉ်မောင်းသည်ကားကို အရှိန်ပြင်းစွာမောင်းနှင်ခဲ့ရာမှ ကားမှာ ပလက် ဖောင်းကို ကျော်တက်ပြီး လူအုပ်အတွင်းသို့ ဝင်ရောက်သွားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

Read 305 times Last modified on Monday, 18 September 2017 10:42