SJ WorldNews - шаблон joomla Авто

အာဂျင်တီးနား၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အနည်းဆုံး လူ ၁ဝ ဦးသေဆုံး

Thursday, 11 April 2019 12:29 font size decrease font size decrease font size increase font size increase font size

ရီယိုဒီဂျနေးရိုး၊ သဘာဝဘေး

အာဂျင်တီးနားနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်း ဆုံး လူ ၁ဝ ဦးသေဆုံးပြီး ပိတ်မိနေသူများကို အရေးပေါ်အမှုထမ်းများက ကယ်ဆယ်ကာ  ရှင်းလင်းရေးလုပ်ငန်းများကိုလည်း  လုပ် ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီ ၉ ရက်တွင်ပြောသည်။

အဆိုပါမိုးရွာသွန်းမှုသည် ဧပြီ ၈ ရက်  ညနေပိုင်းမှစတင်ကာ ဧပြီ ၉ ရက်အထိ  ဆက်လက်ရွာသွန်းသည်။     လမ်းမများ၌ ရေကြီးမှုဖြစ်ပွားကာ   သစ်ပင်များပြိုလဲပြီး ကားများမှာလည်း ရေစီးနှင့်အတူမျောပါသွား ကြောင်း သိရသည်။

ခရီးသွားလာရေးနေရာများဖြစ်သော ကိုပါကာဘာနာနှင့် အိုင်ပန်နီမာအပါအဝင် ဆင်းရဲ သောဒေသများစွာတည်ရှိသည့် ရီယိုဒီဂျနေး ရိုးမြို့၏တောင်ပိုင်းဒေသသည် ရေလွှမ်းမိုးမှု ဒဏ်အဆိုးဝါးဆုံးခံစားခဲ့ရကြောင်း သိရသည်။

ဧပြီ ၉ ရက်နေ့လယ်ပိုင်းတွင် ဈေးဝယ် စင်တာနောက်၌မြုပ်နေသော  ကားတစ်စီးအတွင်းမှ ရုပ်အလောင်း သုံးလောင်းကို တွေ့ရှိ ခဲ့ပြီး နေအိမ်ပြိုကျမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန် ချက်တစ်ရပ်တွင် ပြောသည်။

ထို့ပြင်  နေအိမ်၌ ဓာတ်လိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ရေနစ်မှုကြောင့်  အခြားတစ်ဦး သေဆုံးကြောင်း သိရသည်။ သစ်ပင်များပြိုလဲမှုကြောင့် ကားများနှင့် ဘတ်စကားများပျက်စီးပြီး  လမ်းမများစွာတွင်လည်း  ရေကြီးမှုများ ဖြစ် ပွားကြောင်း သိရသည်။                 

Ref: AFP

Read 33 times Last modified on Thursday, 11 April 2019 12:31