SJ WorldNews - шаблон joomla Авто

သြစတြေးလျ၌ လုပ်ခလစာ တိုးမြှင့်ရရှိရေး လူထောင် ပေါင်းများစွာ ဆန္ဒပြ

Thursday, 11 April 2019 12:31 font size decrease font size decrease font size increase font size increase font size

မဲဘုန်း၊ ဆန္ဒပြမှု

သြစတြေးလျနိုင်ငံ၌ မေလတွင်ကျင်းပမည့် အမျိုးသား ရွေးကောက်ပွဲမတိုင်မီ လစာတိုးမြှင့် ပေးရန်နှင့်   အလုပ်အကိုင် အခြေအနေများ ပိုမို ကောင်းမွန်စေရန် ဒေသခံထောင်ပေါင်း များစွာက ဧပြီ ၁ဝ ရက်တွင် ဆန္ဒပြတောင်းဆို ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ရွေးကောက် ပွဲစည်းရုံးရေး ပစ်မှတ်ဖြစ်သော လစာမတိုးမှုကိုပြောင်းလဲရန်  အတိုက်အခံ အလုပ်သမားပါတီက ဆန္ဒရှိပြီး သြစတြေးလျ နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းများသည် နှစ်ပေါင်း ၃ဝ အတွင်း အကြီးမားဆုံး ကျဆင်း နေသည်ဟု  ၄င်းပါတီ၏မဟာမိတ် များက ပြောထားသည်။

လစာများတိုးမြှင့်ရန် အကောင်းဆုံးနည်း လမ်းမှာ ကုမ္ပဏီများကို အခွန်ဖြတ်တောက်မှု များလုပ်ဆောင်ရမည်ဖြစ်ကြောင်း  လစ်ဘရယ်အမျိုးသားညွန့်ပေါင်းအဖွဲ့က ထောက်ခံ  ထားသည်။   ဆန္ဒပြသူအများအပြားသည် ရောင်ပြန်အလုပ်သမား အင်္ကျီကို ဝတ်ဆင် ထားပြီး Change the Rules ဟူသောစာတန်း များကို ကိုင်ဆောင်ထားကြောင်းသိရသည်။

အဆိုပါဆန္ဒပြမှုသည်   ရက်သတ္တပတ် အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီ ၈ ရက်တွင်လည်း  တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူ များက ပုံမှန်အလုပ်ဆင်းချိန်အတွင်း  ဆန္ဒပြမှုလုပ်ဆောင်ပြီး လမ်းများကိုပိတ်ဆို့ခဲ့ကြောင်း  သိရသည်။                    

Ref: AFP

Read 30 times Last modified on Thursday, 11 April 2019 12:40