SJ WorldNews - шаблон joomla Авто

ဂျပန်သံရုံးအသစ်တည်ဆောက်ခွင့်ကို တောင်ကိုရီးယားအစိုးရရုပ်သိမ်း

Thursday, 11 April 2019 12:35 font size decrease font size decrease font size increase font size increase font size

ဆိုး၊ သံတမန်ရေး

ဆောက်လုပ်ရေးအစီအစဉ်များ နှောင့်နှေး မှုကြောင့် နိုင်ငံအတွင်း အသစ်တည်ဆောက် မည့် ဂျပန်သံရုံးအသစ် တည်ဆောက် ခွင့်ကို တောင်ကိုရီးယားအစိုးရက ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း အာဏာပိုင်များက ဧပြီ ၁ဝ ရက်တွင်ပြောသည်။

တောင်ကိုရီးယားဥပဒေအရ အဆောက် အအုံတည်ဆောက်မှုကို အစိုးရကခွင့်ပြုချက်ချပြီးသည်နှင့်တစ်ပြိုင်နက် တစ်နှစ်အတွင်း စတင်လုပ်ဆောင်ရမည်ဖြစ်သော်လည်း သံရုံးအဆောက်အအုံအသစ်တည်ဆောက်မည့် အစီအစဉ်သည်  အကြိမ်ကြိမ် နှောင့်နှေးခဲ့ ကြောင်းသိရသည်။ အဆိုပါသံရုံးအသစ် တည်ဆောက်ရေးသဘောတူညီချက်ကို ရာထူး မှဖယ်ရှားခံလိုက်ရသည့် သမ္မတဟောင်းပါ့ဂွမ် ဟေးက လက်မှတ်ထိုးခြင်းဖြစ်ကာ ယင်းအစီအစဉ်နှင့်စပ်လျဉ်း၍ ဒုတိယ ကမ္ဘာစစ်အတွင်း လိင်ကျွန်များအဖြစ်   စေခိုင်းခံရသူများနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိ သမ္မတ မွန်ဂျေးအင်က ပြောသည်။

ဂျပန်သံရုံးအဆောက်အအုံအဟောင်းကို ပြီးခဲ့သည့်နှစ်များအတွင်းက ဖြိုချခဲ့ပြီး သံရုံးဝန်ထမ်းများမှာ အနီးအနားရှိ လူနေ အဆောက် အအုံများသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း၊ သံရုံးအသစ်တည်ဆောက်မည့်မြေနေရာမှာ လက်ရှိတွင်  အုတ်တံတိုင်းကာ ရံထားပြီး မြေကြီးသက်သက်သာ   ရှိနေသောကြောင့် ချုံနွယ်များပေါက်နေကြောင်း သိရသည်။

တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့သည် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံများဖြစ်ပြီး အမေရိကန်၏ မဟာမိတ်နိုင်ငံများ လည်း ဖြစ်သည်။ သို့သော် ၁၉၁ဝ-၁၉၄၅ ခုနှစ်အတွင်း ဂျပန်က ကိုရီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ပြီး အဓမ္မ အလုပ်ခိုင်း စေခြင်းနှင့်  လိင်ကျွန်ပြုခြင်းတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးဝါးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: AFP

...............

Read 28 times Last modified on Thursday, 11 April 2019 12:39