SJ WorldNews - шаблон joomla Авто

အမျိုးသမီးတစ်ဦး၏မျက်စိအတွင်းမှ မျက်ရည်များစားသုံးပြီး အသက်ရှင်နေသည့် ပျားများကိုတွေ့ရှိ

Thursday, 11 April 2019 12:36 font size decrease font size decrease font size increase font size increase font size

တိုင်ပေ၊ ထူးဆန်းထွေလာ

တရုတ်(တိုင်ပေ)ရှိ  အမျိုးသမီးတစ်ဦး၏မျက်စိအတွင်း၌ မျက်ရည်များကိုစားသုံးပြီး အသက်ရှင်နေသည့်ပျားများကို တွေ့ရှိကြောင်းနှင့် ဆရာဝန်များက ပျားများကိုအောင်မြင်စွာ ဖယ်ရှားပေးလိုက်နိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကမ္ဘာ့ပထမဆုံးဖြစ်စဉ် အဖြစ်သတ်မှတ်နိုင်ပြီး အမျိုးသမီး၏မျက်စိအတွင်းမှ ပျားလေးကောင်ကို ဆွဲထုတ် ဖယ်ရှား ခဲ့ရကြောင်း   တရုတ်(တိုင်ပေ)ရှိ   ဖူးယင်တက္ကသိုလ်ဆေးရုံမှ  ဆရာဝန်များက ပြောသည်။

မျိုးရိုးအမည်  ဟီဟုခေါ်သော ထိုအမျိုး သမီးသည်   ဆွေမျိုးတစ်ဦး၏အုတ်ဂူကို  သန့်ရှင်းရေးလုပ်ပြီး ပေါင်းပင်များကို ဆွဲနုတ်စဉ် ပျားများက ထိုအမျိုးသမီး၏ မျက်စိအတွင်းသို့ ဝင်သွားခြင်းဖြစ်သည်။

ထိုအမျိုးသမီးသည် မျက်စိအတွင်း ဖုန် သို့မဟုတ် သဲဝင်သွားသည့်အတွက် မျက်စိအတွင်း ယားယံခြင်းကို ခံစားရခြင်းဖြစ်သည် ဟုယူဆပြီး မျက်စိကိုရေဖြင့်ဆေးကာ ဖုန်နှင့် သဲများကိုဖယ်ရှားသည်။ သို့သော် မျက်စိ အတွင်းမှ နာကျင်လာပြီး ထိုနာကျင်မှုကြောင့် မျက်ရည်ကျလာစဉ် မျက်စိအတွင်းမှ  ရှတတ နှင့်  နာကျင်သည့်ခံစားမှုကို    ခံစား လာရ သည်။

ယင်းနောက်တွင် ထိုအမျိုးသမီးက ဆေးရုံ သို့သွားပြရာမှ   မျက်စိအတွင်း ပျားလေးကောင်ဝင်နေပြီး ထိုပျားများက အမျိုးသမီး၏ မျက်ရည်ကို စားသုံးကာ နေထိုင်နေကြောင်း သိရှိခဲ့သည်။     ထိုအမျိုးသမီးအနေဖြင့် ကံကောင်းသည်မှာ မျက်စိအတွင်း နာကျင် သည့်ဝေဒနာခံစားရစဉ် မျက်စိကိုမပွတ်သပ်ခြင်းဖြစ်သည်။ အကယ်၍ မျက်စိကိုပွတ်သပ် လိုက်ပါက မျက်စိအတွင်းရှိ ပျားများသေဆုံးပြီး  မျက်စိကွယ်သည်အထိဖြစ်သွားနိုင်ကြောင်း သိရသည်။              

Ref: Asiaone

....................

Read 13 times Last modified on Thursday, 11 April 2019 12:39