SJ WorldNews - шаблон joomla Авто

ICC သည် အနောက်နိုင်ငံများ၏ရုပ်သေးရုပ်သာဖြစ်

Thursday, 11 April 2019 13:05 font size decrease font size decrease font size increase font size increase font size

ဆိုး၊ နိုင်ငံရေး

နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး(ICC) သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏   ပြည်တွင်းရေးများတွင်  ဝင်ရောက်စွက်ဖက်သော် လည်း  အနောက်နိုင်ငံများ၏ လူသားဆန်မှုအပေါ် ကျူးလွန်သည့်ပြစ်မှုများကို ရေငုံနှုတ်ပိတ်နေ သည့်အတွက် အနောက်နိုင်ငံ များ၏ ရုပ်သေး ရုပ်သာဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာတစ်စောင်က ဧပြီ ၁ဝ ရက်တွင်

ပြောသည်။

နိုင်ငံအများအပြားသည်လည်း ICC ကို ရန်လိုသောအပြုအမူများဖြင့်သာ  ဆက်ဆံလာသည်ဟု  ပြီးခဲ့သည့်လတွင်  ဖိလစ်ပိုင် နိုင်ငံက ICC မှနုတ်ထွက်မှုကိုရည်ညွှန်း၍  Rodong Sinmun သတင်းစာက ဖော်ပြထားသည်။ ဖိလစ်ပိုင် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည်  လူသားဆန်မှုအပေါ် ကျူးလွန်သည့်ပြစ်မှုမြောက်နိုင်သည်ဟု ဆိုကာ  ICC  က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခြင်း ကြောင့် ပြီးခဲ့သည့်နှစ် မတ်လတွင် ICC မှ နုတ်ထွက်ရန် ဖိလစ်ပိုင်အစိုးရက  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။     ထိုနုတ်ထွက်မှုသည် ပြီးခဲ့သည့်လတွင် အဆုံးသတ်နိုင်ခဲ့ပြီးဖြစ်သည်။

ICC သည် မူလရည်မှန်းချက်တာဝန် များကိုမေ့လျော့နေကြောင်း၊    အနောက်နိုင်ငံများ၏   ရုပ်သေးရုပ်ဖြစ်လာ နေပြီဖြစ် ကြောင်းနှင့် နောက်ပိုင်းတွင် တရားရုံး၏ ရပ်တည်မှုပျောက်ဆုံးပြီး အမည်ခံအဖွဲ့အစည်း မျှသာဖြစ်တော့မည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက   သတိပေးထားသည်ဟု  Rodong Sinmun သတင်းစာက ဖော်ပြထားသည်။                    

Ref: Yonhap

...............

Read 47 times Last modified on Thursday, 11 April 2019 13:06