SJ WorldNews - шаблон joomla Авто

အစ္စရေးရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုအနိုင်ရ

Thursday, 11 April 2019 13:06 font size decrease font size decrease font size increase font size increase font size

ဂျေရုဆလင်၊ နိုင်ငံရေး

အစ္စရေးနိုင်ငံ၌ ကျင်းပသည့် ရွေးကောက် ပွဲတွင် လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုက အနိုင်ရရှိပြီး ဒုတိယငါးနှစ်သက် တမ်း အတွက် တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း  နိုင်ငံအတွင်းရှိ   သတင်းဌာနကြီးသုံးခုက  ဧပြီ ၁ဝ ရက်တွင် ထုတ်ပြန်သည်။

နေတန်ယာဟုသည် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဘန်နီဂန့်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသော်လည်း စုစုပေါင်း ဆန္ဒမဲများ၏ ၉၇ ရာခိုင်နှုန်းကိုရေတွက်ပြီးချိန်တွင် လိုအပ်သည့်မဲအများစုကို ရရှိခဲ့ခြင်းမရှိပေ။ သို့ရာတွင်  နေတန်ယာဟုအနေဖြင့် ၄င်းအား ထောက်ခံသည့်အခြားလက်ယာယိမ်းပါတီ များနှင့်ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ထောက်ခံ မဲအလုံအလောက်ရရှိခဲ့သည်ဟု သိရသည်။ ရွေးကောက်ပွဲတွင် နေတန်ယာဟု၏ လီကွတ် ပါတီနှင့်  ဘန်နီဂန့်၏  နိုင်ငံရေးအမြင်မျှတ သည့်    အဖြူနှင့်အပြာရောင်ပါတီတို့က လွှတ်တော်အမတ်နေရာ   ၃၅ နေရာရရှိ ကြောင်း လွှတ်တော်၏ဝက်ဆိုက်နှင့် ရုပ်မြင် သံကြားလိုင်းများတွင်   ဖော်ပြထားသည်။

ထို့ကြောင့်    လီကွတ်ပါတီသည် အဆိုပါ ရွေးကောက်ပွဲ၌ လွှတ်တော်အမတ်နေရာ ငါးနေရာရရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပချိန်တွင် နေတန် ယာဟုသည် အကျင့်ပျက်ခြစားမှုများဖြင့် စွပ်စွဲခံ ထားရခြင်းကြောင့်  နိုင်ငံရေး ပါတီအများ အပြားက အဆိုပါ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်သည်။

ရွေးကောက်ပွဲ၏ နောက်ဆုံး ရလဒ်များကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ထုတ်ပြန်နိုင် ဖွယ်ရှိပြီး  အကယ်၍  နေတန်ယာဟု သာ အနိုင်ရပါက   ၄င်းသည် အစ္စရေးနိုင်ငံ၏ သမိုင်းတွင် သက်တမ်းရှည်ဝန်ကြီးချုပ်ဖြစ်လာ မည်ဖြစ်သည်။

နေတန်ယာဟုသည် ၂ဝဝ၉ခုနှစ်မှစတင် တာဝန်ထမ်းဆောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်  ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး အတွက် ဆွေး နွေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။          

Ref: The Straits Times

Read 46 times Last modified on Thursday, 11 April 2019 13:06