SJ WorldNews - шаблон joomla Авто

အမေရိကန်က တောင်တရုတ်ပင်လယ်သို့ တိုက်လေယာဉ်တင် သင်္ဘော တစ်စင်းစေလွှတ်

Thursday, 11 April 2019 13:06 font size decrease font size decrease font size increase font size increase font size

မနီလာ၊ စစ်ရေး

အမေရိကန်နိုင်ငံသည် တောင်တရုတ် ပင်လယ်သို့   တိုက်လေယာဉ်တင်သင်္ဘောတစ်စင်းကို ပထမဆုံးအကြိမ် စေလွှတ်လိုက် ကြောင်းသိရသည်။ အဆိုပါလေယာဉ်တင် သင်္ဘောကို ပူးတွဲစစ်ရေးလေ့ကျင့်ရန်အတွက်  ပိုင်နက်အငြင်းပွားနေသည့် စကားဘရော့ သောင်စွယ်အနီးသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။

USS Wasp အမည်ရှိ   အဆိုပါတိုက် လေယာဉ်တင်သင်္ဘောကို    အမေရိကန် စစ်ဘက်က   F-35B အမျိုးအစားတိုက် လေယာဉ်များ တင်ဆောင်နိုင်ရန် ပြီးခဲ့သည့်နှစ် တွင် ပြုပြင်မွမ်းမံထားခြင်းဖြစ်ပြီး  ယခုလ အတွင်း ဖိလစ်ပိုင်နှင့် ပူးပေါင်း လုပ်ဆောင်မည့်  ဘာလီကာတန်စစ်ရေး လေ့ကျင့်မှုတွင် ပါဝင် စေရန် စီစဉ်ထားကြောင်း ABS-CBN သတင်း ဌာနက ဧပြီ ၉ ရက်တွင်ဖော်ပြသည်။

သို့ရာတွင် USS Wasp တိုက်လေယာဉ် တင်သင်္ဘောသည် စကားဘရော့ သောင်စွယ် ၏ရေမိုင် ၂၅ မိုင်အတွင်းမှ ဖြတ်သန်းမောင်းနှင် ခြင်းမရှိကြောင်း အမေရိကန်စစ်ဘက်မှအမည် မဖော်လိုသူအရာရှိတစ်ဦးက  ပြောသည်။ 

အမေရိကန်အစိုးရက တောင်တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွား ရေပိုင်နက်များ၏ ရေမိုင် ၁၂ မိုင်အကွာတွင် နိုင်ငံတကာ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ကို  အသုံးပြုနေပြီး  အမေရိကန်၏ လုပ်ဆောင်ချက်ကို  တရုတ်က အပြစ်တင် ဝေဖန်ထားသည်။

Ref: Bloomberg

.....................

Read 19 times Last modified on Thursday, 11 April 2019 13:07