SJ WorldNews - шаблон joomla Авто

အာရပ်စော်ဘွားများ နိုင်ငံက ဆိုယု အာကာသယာဉ်ကို ဝယ်ရန်စီစဉ်

Friday, 12 April 2019 09:01 font size decrease font size decrease font size increase font size increase font size

မော်စကို၊ အာကာသနည်းပညာ

အာရပ်စော်ဘွားများနိုင်ငံသည် ပြည်တွင်း မှအာကာသယာဉ်မှူးနှစ်ဦးကို နိုင်ငံတကာအာကာသစခန်းသို့ပို့နိုင်ရန်အတွက် ရုရှား နိုင်ငံမှ ဆိုယုအာကာသယာဉ်နှင့် ဒုံးပျံလွှတ် တင်ရေးလုပ်ငန်းများကို ဝယ်ယူရန်စီစဉ်နေ ကြောင်းသိရသည်။

နှစ်နှစ်အတွင်း အာကာသယာဉ်မှူးနှစ်ဦးကို တစ်ကြိမ်တည်းဖြင့် နိုင်ငံတကာအာကာသ စခန်းသို့ ပို့ဆောင် သွားမည်ဖြစ်ကြောင်း ရုရှား နိုင်ငံ အာကာသကော်ပိုရေးရှင်းရှိ လူလိုက်ပါသောအာကာသယာဉ်လွှတ်တင်ရေးဌာန ညွှန်ကြားရေးမှူး ဆာဂျီကရီကာလက်က ပြောသည်။

ဆိုယုအာကာသယာဉ်တွင် အာကာသ ယာဉ်မှူးနှစ်ဦးလိုက်ပါနိုင်သော်လည်း ရုရှားဥပဒေအရ ထိုအာကာသယာဉ်ကို မောင်းနှင် သူမှာ ရုရှားနိုင်ငံသားဖြစ်ရမည်ဟူ၍ကန့်သတ် ထားသည်။ ထို့ကြောင့် အာရပ်စော်ဘွားများ နိုင်ငံက အာကာသ ယာဉ်နှင့် လွှတ်တင်ရေး စနစ်တစ်ခုလုံးကိုဝယ်၍ ၄င်းတို့၏ အာကာသ ယာဉ်မှူးများကို နိုင်ငံတကာ အာကာသစခန်း သို့စေလွှတ်ရန်စီစဉ်ခြင်းဖြစ်သည်။

အကယ်၍ အာရပ်စော်ဘွားများနိုင်ငံက ဆိုယုအာကာသယာဉ်ကိုဝယ်ယူပါက ရုရှားအာကာသကော်ပိုရေးရှင်းက နောက်ထပ် ဆိုယုအာကာသယာဉ်အသစ်တစ်စင်းကိုတည် ဆောက်ကာ အပြီးအပိုင်လွှဲပြောင်းပေးသွား ရမည်ဖြစ်သည်။ အာရပ်စော်ဘွားများနိုင်ငံမှ အာကာသယာဉ်မှူးနှစ်ဦးဖြစ်သည့် ဟက်ဇာမန်ဆူရီနှင့် ဆူတန်နီယာဒီတို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှစ၍ ရုရှားနိုင်ငံ၌လေ့ကျင့်မှု များလာရောက်လုပ်ဆောင်နေကြောင်း သိရသည်။

Ref: Sputnik

Read 12 times Last modified on Friday, 12 April 2019 09:20