SJ WorldNews - шаблон joomla Авто

ရေသဘင်ပွဲကာလအတွင်း အရက်သောက်သုံးနေပုံများ၊ အဖော်အချွတ်ပုံများနှင့် ရိုင်းပျသောအပြုအမူပုံများကို လူမှုကွန်ရက်တွင်တင်သူများ ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံရမည်

Friday, 12 April 2019 09:20 font size decrease font size decrease font size increase font size increase font size

ဘန်ကောက်၊ ရိုးရာယဉ်ကျေးမှု

မကြာမီ ကျရောက်မည့် ရေသဘင်ပွဲကာလ အတွင်း အရက်သေစာ သောက်စားနေပုံများ၊ အဖော်အချွတ် ပုံများနှင့် ရိုင်းပျသော အပြုအမူ လုပ်ဆောင်နေသည့်ပုံများကို လူမှုကွန်ရက် တွင်မတင်ရန် ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၁ဝ ရက် တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

ထိုသတိပေးချက်ကို မလိုက်နာသူများအနေဖြင့် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရ မည်ဖြစ်ကြောင်း The Nation သတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်အခမ်းအနားများတွင် ပြည်သူ များသည် အများပြည်သူကြည့်ရှုရန်မသင့် လျော်သည့်ဓာတ်ပုံများကို လူမှုကွန်ရက်များ တွင် တင်ခဲ့ကြောင်း နည်းပညာရာဇဝတ်မှု နှိမ်နင်းရေးတပ်ဖွဲ့မှ   ဒုတိယတပ်မှူးနှင့် ပြောရေးဆိုခွင့်ရှိသူ   ဆီရီဝက် ဒီးပေါက ပြောသည်။ ယခုနှစ်တွင်မူ လိင်ပိုင်းဆိုင်ရာ နှိုးဆွသော အဝတ်များဝတ်ပြီး သောက်စား မြူးထူးနေသည့် ပုံများကို လူမှုကွန်ရက်တွင် တင်သူနှင့်မျှဝေသူများကို ကွန်ပျူတာဥပဒေ ဖြင့်တရားစွဲသွား မည်ဖြစ် ကြောင်း၊ ထိုသို့ တရားစွဲခံရသူများသည်    ငွေဒဏ်ဘတ်တစ်သိန်း သို့မဟုတ် ထောင်ဒဏ် ငါးနှစ် သို့မဟုတ် ဒဏ်နှစ် ရပ်စလုံး ကျခံရမည်ဖြစ် ကြောင်း ဆီရီဝက်ဒီးပေါကဆက်ပြောသည်။

လူမြင်ကွင်းတွင် ရှက်ဖွယ်ကောင်းသော အပြုအမူဖြင့် သောက်စားမြူးထူး နေသူများ၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများကို လူမှု ကွန်ရက်များတွင်တင်ပါက ရာဇဝတ်မှုဥပဒေ ဖြင့် တရားစွဲခံရမည်ဖြစ်ပြီး ဒဏ်ငွေဘတ် ၅ဝဝ အထိ ပေးဆောင် ရမည်ဖြစ်သည်။ ထို့ပြင် အရက်သေစာသောက်စားရန်အတွက် လူမှုကွန်ရက်မှတစ်ဆင့် အခြားသူများကို ဖိတ်ခေါ်ပါက  အရက်အဖျော်ယမကာ ထိန်းချုပ်မှုဥပဒေအရ ထောင်ဒဏ်တစ်နှစ် နှင့် ဒဏ်ငွေ ဘတ်ငါးသိန်း ကျခံရမည်ဖြစ် သည်။ တာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံ ၏လူမှုကွန်ရက်ကို အချိန်ပြည့်စောင့်ကြည့်ရန် ထိုင်းရဲချုပ်ပိုင် ဘွန်းနွဲဟွန်းက ညွှန်ကြားထားသည်။

ထို့ကြောင့် ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်း သည့်အနေဖြင့် ပြည်သူများက ဥပဒေများကို မချိုးဖောက်ဘဲ   ရေသဘင်ပွဲ တော်ကို ပျော်ရွှင်စွာ ဆင်နွှဲရန်    ဆီရီဝက်ဒီးပေါက တိုက်တွန်းထားသည်။        

Ref: CAN

Read 14 times Last modified on Friday, 12 April 2019 09:21