SJ WorldNews - шаблон joomla Авто

ရေဘူးနှင့် ရေသောက်သူများ ပလတ်စတစ်များကို မျိုချနေသကဲ့သို့ ဖြစ်မည်

Friday, 12 April 2019 09:21 font size decrease font size decrease font size increase font size increase font size

လူအများစုသည် ရေဘူးများဖြင့်ရေသောက်ခြင်းကို နှစ်သက်လာကြသည်။ အကြောင်းရင်းမှာ ရေဘူးများဖြင့် ထည့်ထားသော  ရေကသန့်သည်ဟု ထင်မြင်ယူဆခြင်းကြောင့် ဖြစ်သည်။  သို့သော်  ယခုတွေ့ရှိမှုတစ်ခုက  ထိုအယူ အဆကို   ပြောင်းပြန်ဖြစ်သွားစေ သည်။

သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Showerstoyou အဖွဲ့က Plus  Plastic အမည်ရှိ လေ့လာတွေ့ရှိချက် တစ်စောင်ကို ထုတ်ပြန် ထားသည်။ ထိုထုတ်ပြန်ချက်တွင် ပါဝင်သည့် အကြောင်းအရာမှာ မိမိတို့သောက်သုံး နေသော ရေသန့် ဘူးများ၌ ပလတ်စတစ် ပမာဏမည်မျှပါဝင်နေသည်ကို ဖော်ပြထားခြင်းဖြစ်သည်။ အထူးသဖြင့် မိုက်ခရိုပလတ် စတစ်များ ဟုခေါ်သော  ပလတ်စတစ်များ ပါဝင်မှုကို   သုတေသနပြု လေ့လာခြင်းဖြစ်သည်။

မိုက်ခရိုပလတ်စတစ် ဆိုသည်မှာ အလျား ၅ မီလီမီတာ အောက်ရှိသည့် ပလတ်စတစ်အပိုင်းအစ တစ်ခုဖြစ်သည်။ ထိုမိုက်ခရို ပလတ် စတစ်ကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်ဟု အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့်လေထု အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။

Showerstoyou အဖွဲ့၏ လေ့လာမှုအရ ရေသန့်ဘူးအတွင်း မိုက်ခရိုပလတ်စတစ်အမှုန် အများဆုံး ပါဝင်သည့် ရေသန့်ဘူး အမှတ်တံဆိပ်မှာ Nestle' Pure Life ဖြစ်ပြီး ရေ၁လီတာလျှင် မိုက်ခရိုပလတ်စတစ်အမှုန် ၁ဝ၃၉ဝ အထိပါဝင် သည်။ မိုက်ခရိုပလတ် စတစ်အနည်းဆုံး ပါဝင်သည့် ရေသန့်ဘူး အမှတ်တံဆိပ်မှာ San  Pellegrino ဖြစ်ပြီး ရေ ၁ လီတာလျှင် မိုက်ခရိုပလတ်စတစ် အမှုန် ၇၄ သာ ပါဝင်သည်။ ထို့ကြောင့် Nestle' Pure Life အမှတ်တံဆိပ်ပါ ရေသန့်ဘူးကို သောက်သုံးသူများသည် တစ်နှစ်လျှင် မိုက်ခရိုပလတ်စတစ် အမှုန် ၆၄ဝဝ၂၄ အထိကို မျိုချနေသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။

တကယ်တမ်းတွင် ကမ္ဘာတစ်ဝန်း၌ ပလတ်စတစ်အန္တရာယ် ပျံ့နှံ့နေသည်မှာ ကြာမြင့် နေပြီဖြစ်သည်။ ရေနေသတ္တဝါများ သေဆုံး ခြင်းနှင့်အတူ မိမိတို့၏သောက်ရေများအထိ ပင် ပလတ်စတစ်၏အန္တရာယ်မှာ စိုးရိမ်ရသည့် အခြေအနေဖြစ် လာသည်။ ၁၉၅ဝ  ပြည့်နှစ်ကတည်းက စပြီးထုတ်လုပ်ခဲ့သည့် ပလတ်စတစ်များ၏  ၇၉  ရာခိုင်နှုန်းမှာ ယခုအခါ မိမိတို့၏ ပတ်ဝန်းကျင်တွင် ဖို့မြေများ ဖြစ်လာနေသည်။ သမုဒ္ဒရာများဆိုလျှင်လည်း အကြီးမားဆုံးသော ပလတ်စတစ်

အမှိုက် ပုံကြီးများကဲ့သို့ဖြစ်လာသည်။   ထို့ ကြောင့် မိမိတို့နှင့် မိမိတို့ မျိုးဆက်သစ်များ၏ကျန်းမာရေးအတွက် ရှေးရှုကာ ပလတ် စတစ် အသုံးပြုမှုကိုရပ်ဆိုင်းခြင်း၊ လျှော့ချခြင်းနှင့် လုံးဝအသုံးမပြုခြင်းတို့ကို  အင်တိုက်အား တိုက်ဆောင်ရွက် သင့်ပေသည်။

ထက်မြတ်

Ref: IE

Read 36 times Last modified on Friday, 12 April 2019 09:22