SJ WorldNews - шаблон joomla Авто

ဗြိတိန်နိုင်ငံ နုတ်ထွက်မှု ကာလကို အောက်တိုဘာ ၃၁ ရက်အထိတိုးမြှင့်ရန် ဥရောပခေါင်းဆောင်များ သဘောတူ

Friday, 12 April 2019 10:00 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ၊ နိုင်ငံရေး

ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂမှ နုတ်ထွက် ရမည့်ကာလကို အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်ပေးရန်  ဥရောပ ခေါင်းဆောင် များက သဘောတူလိုက်ကြောင်း  ဥရောပထိပ်သီး ဆွေးနွေးပွဲဥက္ကဋ္ဌက ဧပြီ ၁၁ ရက်တွင် ပြောသည်။

ယခုသဘောတူသည့် အချိန်အတိုင်းအတာသည် ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ တောင်းဆိုသည့်အချိန်ထက် လေးလ ပိုပေးထားခြင်းဖြစ်သည်။ ထိုကာလအတွင်း ထရီဆာမေအနေဖြင့် ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးအတွက် ပြည်တွင်း၌ အဖြေရှာ ရမည်ဖြစ်ကြောင်း ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်က ပြောသည်။

ဥရောပခေါင်းဆောင်များသည် ထိုကိစ္စနှင့် ပတ်သက်၍ ရှစ်နာရီကြာဆွေးနွေးပြီးနောက်  ဧပြီ ၁၁ ရက်အစောပိုင်းတွင် သဘော တူခဲ့ ခြင်းဖြစ်သည်။

ယခုကဲ့သို့   ဗြိတိန်နိုင်ငံနုတ်ထွက်ရမည့် ရက်ကိုတိုးပေးထားသော်လည်း ထရီဆာမေအနေဖြင့် ဥရောပသမဂ္ဂနှင့် ရရှိ ထား သည့် သဘောတူညီချက်ကို လွှတ်တော်အမတ်များ သဘောတူရေးအတွက် ရုန်းကန်ရဦးမည်ဖြစ်သည်။

Ref: Reuters

Read 49 times Last modified on Friday, 12 April 2019 10:16