SJ WorldNews - шаблон joomla Авто

နိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ် သူများကို စီးပွားရေး ခိုင်မာအောင်လုပ်ခြင်းဖြင့် အပြင်းအထန် ထိုးနှက်ရန်လို

Friday, 12 April 2019 10:16 font size decrease font size decrease font size increase font size increase font size

ဆိုး၊ နိုင်ငံရေး

မြောက်ကိုရီးယား နိုင်ငံက စီးပွားရေး ခိုင်မာအောင် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံအပေါ် ပိတ်ဆို့မှု ချမှတ်သူများကို အပြင်းအထန် ထိုးနှက်ရန် လိုအပ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောသည်ဟု နိုင်ငံပိုင်ုဃဗြ သတင်း ဌာနက ဧပြီ ၁၁ ရက်တွင် ဖော်ပြသည်။

ကင်ဂျုံအွန်၏  အဆိုပါပြောဆို ချက်များသည် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်  ထိပ်သီး ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးရ ပြီးနောက် နိုင်ငံ၏ရပ်တည်ချက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။  မြောက်ကို ရီးယား အစိုးရအနေဖြင့်   နိုင်ငံ့စီးပွားရေး တိုးတက်စေရန် ဆက်လက်လုပ်ဆောင် မည့်အပြင် ကိုယ်တိုင် အထောက်အပံ့ ပေးနိုင်သောစီးပွားရေးအဖြစ် ဖန်တီးမည်ဟု သတင်းဌာနက ဆက်လက် ဖော်ပြထားသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးသည် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း မရေရာ မသေ ချာသည့်   အခြေအနေတွင် ရှိနေသည်။ ထိုထိပ်သီးဆွေးနွေးပွဲ ပြီးနောက်   အမေရိကန်အစိုးရက  ပိတ်ဆို့မှုကို  ဖယ်ရှားခြင်း မရှိသော်လည်း ကင်ဂျုံအွန်က နိုင်ငံ့စီးပွားရေး ကို   အသားပေး လုပ်ဆောင်လာသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မှာပင် နိုင်ငံအတွင်းရှိ    စီးပွားရေး စီမံကိန်းကြီးလေးခုသို့  ကင်ဂျုံအွန် သွားရောက် လည်ပတ်သည့် ပုံများကို  နိုင်ငံပိုင်သတင်းဌာနများက  ဖော်ပြထားသည်။ ထိုစီမံကိန်းကြီးများတွင်  ပြန်လည် မွမ်းမံပြင်ဆင် ထားသည့် စတိုးဆိုင်၊ ခရီးသွားလာသူများအတွက်  အပန်းဖြေစခန်းများ၊ တရုတ်နယ်စပ် အနီးရှိ  စီးပွားရေးဇုန် တစ်ခုတို့ပါဝင် သည်။

ကင်ဂျုံအွန်သည်   အမေရိကန် အစိုးရအပေါ်   ယခင်ကထက်   ပိုမိုတင်းမာသည့်  ရပ်တည်ချက်မျိုးကို ပြသနေသည်ဟု  လေ့လာ သူများက သုံးသပ်ထားကြောင်း သိရသည်။

Ref: Reuters

..................

Read 18 times Last modified on Friday, 12 April 2019 10:16