SJ WorldNews - шаблон joomla Авто

ထရမ့်က မက္ကဆီကိုနယ်စပ်၌ စစ်သည်များကို ပိုမိုဖြန့်ကြက်မည်

Friday, 12 April 2019 10:16 font size decrease font size decrease font size increase font size increase font size

ဆန်အန်တိုနီယို၊ ပြည်တွင်းရေး

မက္ကဆီကိုနယ်စပ်၌ စစ်သည်များ ကို ပိုမိုဖြန့်ကြက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့် က ဧပြီ ၁ဝ ရက်တွင် ပြောသည်။ ရီပတ်ဘလစ်ကန်ပါတီ၏ ရန်ပုံငွေပွဲ တစ်ခုသို့ တက်ရောက် လာသူများထံမှ  နယ်စပ်ဖြတ်ကျော် ဝင်လာသည့်  ရွှေ့ပြောင်းနေထိုင်သူများအကြောင်းကို ကြားရပြီးနောက်   ထရမ့်က ယခုကဲ့သို့    ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအတွင်းသို့ဝင်ခွင့် ရရန်ကြိုးပမ်းသူများအနေဖြင့်  ခရီးလမ်းမှာပင်   သေဆုံးနေရကြောင်း၊ နိုင်ငံ အတွင်း သို့ ဝင်ခွင့် ရသူများသည်လည်း ဒေသခံများ၏ နေအိမ်များကို စီးနင်းဝင်ရောက်ခြင်းကြောင့် ဒေသခံ များသေဆုံး နေကြောင်း ရန်ပုံငွေပွဲသို့ တက်ရောက်လာသူများ၏ ပြောဆိုချက်ကိုကိုးကား၍   ထရမ့်ကပြောသည်။

လက်ရှိအချိန်တွင်   နယ်စပ်၌  တန်းပြည့်စစ်မှုထမ်းနှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၆ဝဝဝ ခန့် ဖြန့် ကြက်နေရာ ယူထားသည်။  

ထို့ပြင် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေးအဖွဲ့ဝင်များအတွက် အကူအညီအနေဖြင့်  အမေရိကန် စစ်သည် ၃၇၅ဝ ကိုလည်း ထရမ့်က  ဖေဖော်ဝါရီလတွင် စေလွှတ်လိုက်သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင်မူ ဝစ္စကွန်ဆင်၊ နယူးမက္ကဆီကိုနှင့် ကယ်လီဖိုးနီးယား ပြည်နယ်တို့မှ ဒီမိုကရက် တစ်ပါတီဝင် အုပ်ချုပ်ရေးမှူးများက ၄င်းတို့၏ အမျိုးသားအစောင့်တပ်ဖွဲ့ ဝင်များကိုပြန်လည်ရုပ်သိမ်းပြီး  ထို တပ်ဖွဲ့ဝင် များကို နယ်စပ်၌ဖြန့်ကြက် ထားရလောက်သည့် လုံခြုံရေးဆိုင်ရာ ပဋိပက္ခဖြစ်မှုမရှိကြောင်း    ပြောသည်။

မက္ကဆီကိုနိုင်ငံသည် မုဒိမ်းသမားများနှင့် မူးယစ်မှောင်ခိုသမားများကို  အမေရိကန်နိုင်ငံအတွင်းသို့ စေလွှတ် နေကြောင်း ထရမ့်က ၂ဝ၁၆ ခုနှစ်  မဲဆွယ်ကာလတွင် ပြောထားသည်။

အဆိုပါပြောဆိုမှုကြောင့်  ၄င်းသည် အပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

Ref: Reuters

Read 20 times Last modified on Friday, 12 April 2019 10:17