SJ WorldNews - шаблон joomla Авто

အိန္ဒိယ ရွေးကောက်ပွဲ မိုဒီအပေါ် လူကြိုက်များမှုဖြင့် စတင်ဖွင့်လှစ်

Friday, 12 April 2019 10:17 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ နိုင်ငံရေး

ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲသည် ဧပြီ ၁၁ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိသော အိန္ဒိယနိုင်ငံ၌ မဲပေးခွင့်ရှိသူ သန်း ၉ဝဝ ကျော်ရှိပြီး ယခု ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ်နာရန်ဒရာမိုဒီကို ဒုတိယ သက်တမ်းအတွက်   တာဝန်ဆက်လက် ထမ်းဆောင်ရန် လူကြိုက်များ နေသည်။ မိုဒီသည် လူထုစစ်တမ်းများအရ လူကြိုက်များ နေသော်လည်း အတိုက်အခံများ၏ စိန်ခေါ် မှုများနှင့် ရင်ဆိုင်နေရသည်။

အဆင့် ၇ ဆင့်ဖြင့်ပြုလုပ်မည့် ရွေးကောက် ပွဲအတွက် ပထမဆုံးမဲရုံများကို  နိုင်ငံအရှေ့မြောက်ပိုင်း၌ နံနက် ၇ နာရီတွင်  စတင် ဖွင့်လှစ်ပြီး ထိုမဲရုံများက အောက်လွှတ်တော်အမတ် ၅၄၃ နေရာအနက် ၉၁ နေရာကို ရွေးချယ်ပေးမည်ဖြစ်သည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များကလည်း အမြင့်ဆုံးအဆင့်လုံခြုံရေးသတိပေးချက်ကို ထုတ်ပြန်ပြီး လုပ်ငန်းများကို ဆောင်ရွက် နေသည်။ ယခု သီတင်းပတ်အတွင်း ကွန်မြူနစ် သူပုန်များ၏ ချုံခို တိုက်ခိုက်မှုကြောင့် ဒေသတွင်းမှ လွှတ်တော် အမတ်တစ်ဦး အပါအဝင် လူငါးဦး သေဆုံးထားသည်။

ထောင်ပေါင်းများစွာသော ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆန္ဒ နယ် ၅၄၃ နေရာမှ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ရွေးကောက်ပွဲကို မေ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်များ ကိုမူ မေ ၂၃ ရက်မှသာ ထုတ်ပြန်သွားမည်ဖြစ်သည်။

အီလက်ထရွန်နစ် စနစ်ဖြင့် မဲပေးသည့် စက်များကို နိုင်ငံတစ်ဝန်းသို့ မရောက်ရောက်အောင် ပို့ဆောင်သွားမည်ဖြစ်ပြီး ထိုအထဲ တွင် မဲပေးသူတစ်ဦးသာရှိသည့် တရုတ် နယ်စပ်အနီးရှိ ရွာငယ်တစ်ခုလည်းအပါအဝင်ဖြစ်သည်။

မိုဒီ၏ ဘာရာတီယာ ဂျာနာတာပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ၂ဝ၁၄ ခုနှစ်ရွေးကောက်ပွဲတွင် ဆယ်စုနှစ် သုံးခု အတွင်း အမတ်နေရာအများဆုံးကို ပထမဆုံး အကြိမ် ရရှိခြင်းဖြင့်  အစိုးရဖွဲ့ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။         

Ref: AFP

Read 20 times Last modified on Friday, 12 April 2019 10:18