SJ WorldNews - шаблон joomla Авто

ဆော်ဒီ ဦးဆောင်သောယီမင်စစ်ပွဲအတွက် အမေရိကန်၏ ထောက်ပံ့မှု ရပ်တန့်ရန် ကွန်ဂရက်၏ ဆုံးဖြတ်ချက်ကို ထရမ့်က ဗီတို အာဏာဖြင့် ပယ်ချ

Thursday, 18 April 2019 10:18 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ နိုင်ငံရေး

ယီမင်နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ဆော်ဒီဦးဆောင်သည့်စစ်ပွဲအတွက် အမေရိကန်က ထောက်ပံ့ကူညီမှုများကို ရပ်တန့်ရန် ကွန်ဂရက်က သမ္မတထံသို့ တိုက်ရိုက်တင် သွင်းသော ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၆ ရက်တွင် ဗီတိုအာဏာသုံး၍ ပယ်ချလိုက်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှာ ထရမ့်အား နှစ်ပါတီစလုံးက ပြင်းထန်သော ပြစ်တင်ဝေဖန်ထားခြင်းဖြစ်သည့်အပြင် သမ္မတ၏ စစ်ပွဲဖန်တီးသည့် အာဏာသုံးစွဲမှုကိုလည်း ဖြတ်တောက်သည့် သမိုင်းဝင်နည်းလမ်း ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၄င်း၏ဗီတိုအာဏာကို ကြေညာသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းမှာ မလိုအပ်ကြောင်း ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အာဏာပိုင်များ၏ အခွင့်အာဏာကို ယုတ်လျော့ အောင်ပြုလုပ်သည့် အန္တရာယ်များသော  ကြိုးပမ်းချက်ဖြစ်ကြောင်း၊  ထို့ပြင် လက်ရှိကာလနှင့် အနာဂတ် ကာလတွင် အမေရိကန် နိုင်ငံသားများနှင့် ပြည်သူ့ဝန်ထမ်းများ၏ ဘဝကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ထရမ့်ကဆိုသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာ သုံး၍ ပယ်ချလိုက်ခြင်းသည် ကမ္ဘာ့အဆိုးရွား ဆုံးလူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပြဿနာကို ပိုမိုကြီးထွားလာအောင် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒေးဗစ်မီလီဘန့်က ပြောသည်။

ထရမ့်က ဗီတိုအာဏာသုံးခြင်းသည် မစဉ်းစားမဆင်ခြင်ဘဲ မှားယွင်းစွာဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ ယီမင်ပြည်သူ ၁ဝ သန်း သည် စစ်ပွဲကြောင့် ငတ်မွတ်ခြင်းဘေးနှင့် ကြုံတွေ့နေရကြောင်းနှင့် ရက်သတ္တတစ်ပတ်အတွင်း သေဆုံးသူ ၁ဝဝ ရှိကြောင်း ၎င်းက  ဆက်ပြောသည်။

ထရမ့်သည်  ၎င်း၏သမ္မတသက်တမ်း အတွင်း ဗီတိုအာဏာကို နှစ်ကြိမ်အသုံးပြုခဲ့သည်။

အမေရိကန်နှင့်  မက္ကဆီကိုနိုင်ငံအကြား  နယ်စပ်တံတိုင်းတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍  ပထမအကြိမ်ဗီတို အာဏာ အသုံးပြုထားကြောင်း သိရသည်။

Ref: AFP

Read 34 times Last modified on Thursday, 18 April 2019 10:34