SJ WorldNews - шаблон joomla Авто

နယူးဒေလီ၊ နည်းပညာ အိန္ဒိယ၌ Tik Tok အပလီ ကေးရှင်း ရယူခွင့်ကို ဂူးဂဲတားမြစ်

Thursday, 18 April 2019 10:34 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဂူးဂဲသည်အိန္ဒိယနိုင်ငံ၌ လူကြိုက်များ ရေပန်းစားနေသော Tik Tok အပလီ ကေးရှင်း ရယူခွင့်ကိုတားမြစ်လိုက်ပြီဖြစ်သည်။ ထိုသို့တားမြစ်ရခြင်းသည် အိန္ဒိယနိုင်ငံရှိ ပြည်နယ်တရားရုံး၏အမိန့်ကို   လိုက်နာခြင်းဖြစ်ကြောင်း  အဆိုပါကိစ္စကိုသိရှိသူတစ်ဦးက ဧပြီ ၁၆ ရက်တွင်ပြောသည်။

အဆိုပါအပလီကေးရှင်းကို လူငယ်အများစု ကအသုံးပြုနေပြီး  အချို့မှာလိင်ပိုင်းဆိုင်ရာ ဆွဲဆောင်သည့် ပုံစံများဖြင့်  ဗီဒီယို အတိုများ ကိုပြုလုပ်နေခြင်းကြောင့်  လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ၏သားကောင်များဖြစ် လာနိုင်သည့် အတွက်  ထိုအပလီကေးရှင်း အသုံးပြုမှုကိုတားမြစ်ပေးရန် နိုင်ငံတောင်ပိုင်းရှိ တမီးနာဒူပြည်နယ်တရားရုံးက ဗဟိုအစိုးရကို ဧပြီ ၃ ရက်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက်   ဂူးဂဲနှင့် အက်ပဲကုမ္ပဏီတို့ အနေဖြင့် ပြည်နယ်တရားရုံး၏တောင်းဆိုချက်ကို လိုက်လျောပေးရန်  ဗဟို အစိုး ရက တောင်းဆိုသည့်စာတစ်စောင်ကို  ထိုကုမ္ပဏီများသို့ပေးပို့ခဲ့ကြောင်း သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ယင်းသို့တောင်းဆိုမှုကြောင့် အိန္ဒိယနိုင်ငံ၌ အသုံးပြုသည့်ဂူးဂဲပလေးစတိုးမှ    အဆိုပါ အပလီကေးရှင်း ရယူမှုကို  ဂူးဂဲက တားမြစ် လိုက်ခြင်းဖြစ်ပြီး အက်ပဲကုမ္ပဏီကမူ ဧပြီ ၁၆  ရက်နှောင်းပိုင်းအထိ  ဆက်လက်ခွင့်ပြု ပေးထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ဆောင်ရွက်ရခြင်းသည် အပလီ ကေးရှင်းကိုတားမြစ်ခြင်းမဟုတ်ဘဲ ပြည်နယ် အစိုးရ၏ဥပဒေနှင့် အမိန့်များကို လိုက်နာခြင်း ဖြစ်ကြောင်း  ဂူးဂဲကုမ္ပဏီကကြေညာချက် ထုတ်ပြန်ထားသည်။ သို့သော် အက်ပဲကုမ္ပဏီက မည်သည့် မှတ်ချက်မျှ ပေးထားခြင်းမရှိကြောင်း သိရသည်။      

Ref: Reuters

................

Read 34 times Last modified on Thursday, 18 April 2019 10:35