SJ WorldNews - шаблон joomla Авто

ဘရာဇီး နယ်စပ်ရှိ ဗင်နီဇွဲလားရွှေ့ပြောင်း နေထိုင်သူများ အမှိုက်ပုံမှ အစာရှာဖွေနေရ

Thursday, 18 April 2019 10:35 font size decrease font size decrease font size increase font size increase font size

ပါကာရိုင်မာ၊ ရွှေ့ပြောင်းနေထိုင်သူ အရေး

ဘရာဇီးနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ပါကာ ရိုင်မာမြို့ရှိ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများသည် အမှိုက်ပုံများမှနေ၍ အစား အစာ အကြွင်းအကျန်များ ရရှိနိုင်ရန် လင်းတများနှင့် အပြိုင် ရှာဖွေနေရသည်။

တစ်ခါတစ်ရံတွင် ဂျုံမှုန့်အနည်းငယ် ရရှိပြီး တစ်ခါတစ်ရံတွင်  ပဲများရရှိတတ်ကြောင်း အသက် ၄၃ နှစ်ရှိ ဗင်နီဇွဲလား ရွှေ့ပြောင်း နေထိုင်သူ   ချာလီဆန်းချက်ကပြောသည်။ 

အမျိုးသမီးတစ်ဦးဆိုလျှင် အမှိုက်ပုံမှနေ၍  စပါဂတ်တီ ခေါက်ဆွဲ အနည်းငယ်ရရှိပြီး   ၎င်းက ဆီအနည်းငယ်ရရှိ ထားကြောင်း   ချာလီ ဆန်းချက်က ဆက်ပြောသည်။

ချာလီဆန်းချက်သည်   စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခများကြောင့်   ဗင်နီဇွဲလားနိုင်ငံမှထွက်ပြေး လာရသည့် ရွှေ့ပြောင်းနေထိုင် သူသန်းပေါင်းများစွာအနက်  တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုကဲ့သို့ ပဋိ ပက္ခများဖြစ် ရခြင်းသည် သမ္မတနီကိုလပ်မာဒူရိုကြောင့် ဖြစ်သည်ဟု အနောက်နိုင်ငံများက စွပ်စွဲထားသည်။

ကရာကာ့မြို့မှထွက်ပြေးလာသည့် ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်သော အသက်၂၃နှစ်ရှိ ရို့စမယ်ရီ တိုဗာက  ယခု ကဲ့သို့ ရွှေ့ပြောင်းနေထိုင်ရခြင်းသည်  နီကိုလပ် မာဒူရိုကြောင့်ဖြစ်ပြီး  ၎င်း၏ မိခင်နိုင်ငံ၌ အလုပ်အကိုင်တစ်နေရာ ကိုပင် မရရှိကြောင်း ပြောသည်။

ပါကာရိုင်မာမြို့သည် ဒေသတွင်းမှနေ၍ ဘရာဇီးနိုင်ငံအတွင်းသို့ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ် သည်။ ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများသည်  တောင်ပိုင်းဒေသများသို့သွားပြီး   အလုပ်အကိုင်များ ရှာဖွေရန်ထွက် လာကြသော်လည်း လက်ရှိအချိန်တွင်  လင်းတများနှင့်အပြိုင်  အမှိုက်ပုံများမှအစာများကိုရှာဖွေ နေရကြောင်း သိရသည်။  

Ref: Reuters

Read 23 times Last modified on Thursday, 18 April 2019 10:35