SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား အမျိုးသားတစ်ဦးက တိုက်ခန်းကိုမီးရှို့ပြီး ထွက်ပြေးသူများကို ဓားဖြင့်ထိုး

Thursday, 18 April 2019 10:35 font size decrease font size decrease font size increase font size increase font size

ဆိုး၊ မှုခင်း

တောင်ကိုရီးယားအမျိုးသားတစ်ဦးက ၄င်းနေထိုင်သည့် တိုက်ခန်းကို မီးရှို့ပြီးနောက် တိုက်ခန်းအတွင်းမှ ထွက်ပြေးသူ များကို ဓားဖြင့် လိုက်ထိုးခြင်းကြောင့်   လူငါးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသတွင်း သတင်းဌာနက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံအရှေ့တောင်ပိုင်း  ဂျင်ဂျူးမြို့ရှိ  ၎င်းနေထိုင်ရာ တိုက်ခန်းကို အသက် ၄၂ နှစ်ရှိ အမျိုးသား တစ်ဦးက မီးရှို့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် တိုက်ခန်းအတွင်းမှ ထွက်ပြေးသူများကို ထိုအမျိုးသားက ဓားဖြင့် လိုက်ထိုးခြင်း ဖြစ်ကြောင်း   ဒေသတွင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကိုကိုးကား၍ Yonhap သတင်း ဌာနက ဖော်ပြထားသည်။

သေဆုံးသူများတွင် အသက် ၁၂ နှစ်ရှိ မိန်းကလေး တစ်ဦးလည်း ပါဝင်ကြောင်းနှင့် သေဆုံးသူငါးဦး စလုံးမှာ  တိုက်၏ လှေကား ခွင်၌ သေဆုံးနေကြောင်း  Yonhap  သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူ အမျိုးသားကိုမူ ရဲတပ်ဖွဲ့က  အခင်းဖြစ်ပွားရာ နေရာ၌ပင် ဖမ်းဆီး ထိန်းသိမ်းလိုက်နိုင်သည်။ ထိုအမျိုး သားသည် ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်းနှင့်  ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်းမှာ လစာမရရှိခြင်း ကြောင့် နာကြည်း ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ မီးလောင်မှုကိုမူ  မိနစ် ၂ဝ အကြာတွင် အောင်မြင်စွာ ငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

Ref: DPA

Read 38 times Last modified on Thursday, 18 April 2019 10:36