SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်သည့် တောင်ကိုရီးယားကို မြောက်ကိုရီးယားဝေဖန်

Friday, 19 April 2019 08:46 font size decrease font size decrease font size increase font size increase font size

ဆိုး၊ နိုင်ငံရေး

အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်သည့် တောင်ကိုရီးယား အစိုးရကို မြောက်ကိုရီးယား ဝါဒ ဖြန့်ချိရေး အဖွဲ့က ဧပြီ ၁၈ ရက်တွင် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကြောင်းနှင့် ယင်းလုပ်ရပ်သည် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြောင်း ယင်းအဖွဲ့က ပြောသည်။

နိုင်ငံပိုင်အွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် Uriminzokkiri သည် ဧပြီ ၃ ရက်တွင် မြောက်ဂီယောင်ဆောင်း ပြည်နယ် ပိုဟောင် အနီး၌  ပစိဖိတ်ဌာနချုပ်မှ အမေရိကန်ရေတပ်နှင့်လုပ်ဆောင်သော စစ်ရေးလေ့ကျင့်မှု၊ မတ်လတွင် လုပ်ဆောင်သော စစ်ရေးလေ့ကျင့်မှုတို့နှင့် ပတ်သက်၍ တောင်ကိုရီးယားအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ကိုရီးယား နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုး ထားသည့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော် လုပ်ဆောင်လိုသည့်   ဆန္ဒ ကင်းမဲ့နေကြောင်း စွပ်စွဲရှုတ်ချလိုက်သည်။

ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းလိုသည့်  ကိုရီးယားပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်နေ ကြောင်းနှင့်  ကိုရီးယားငြိမ်းချမ်းရေးကို စိုးရိမ်ဖွယ်အခြေအနေအဖြစ် လှုံ့ဆော်နေကြောင်း အဆိုပါ သတင်းဝက်ဆိုက်က ပြောသည်။

မတ် ၄ ရက်တွင် တောင်ကိုရီးယားနှင့်အမေရိကန်သည် ၄င်းတို့၏ Key Resolve စစ်ရေး လေ့ကျင့်မှုအစား ရက်သတ္တတစ်ပတ်ကြာသည့်  အသေးစားပူးတွဲ စစ်ရေးလေ့ကျင့်မှုကို  လုပ်ဆောင်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်စေရန် ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် အသေးစား စစ်ရေးလေ့ကျင့်မှုကို ရွေးချယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Asia News Network

Read 41 times Last modified on Friday, 19 April 2019 09:17