SJ WorldNews - шаблон joomla Авто

အဆင့်မြင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပရန် အမေရိကန်နှင့် တရုတ်စီစဉ်

Friday, 19 April 2019 09:17 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ နိုင်ငံရေး

မေလအစောပိုင်းတွင်   ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးကြိုးပမ်းချက် တစ်ရပ်အနေဖြင့် အမေရိကန် ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများသည်   ကုန်သွယ်ရေးဆွေးနွေးပွဲများ  ဆက်လက် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ အစီအစဉ်နှင့် နီးစပ်သူနှစ်ဦးက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် လကုန်ပိုင်းအတွင်း အဆိုပါ သဘောတူစာချုပ်၌ လက်မှတ် ထိုးမည်ဟု ၎င်းတို့က ဆက်ပြောသည်။ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဘဏ္ဍာရေး ဝန်ကြီး စတီဗင် နျူချင်းတို့သည် ဧပြီ ၂၉ ရက်တွင် ပေကျင်းမြို့သို့သွားရန်စီစဉ်ထားကြောင်း ယင်း အကြောင်းအရာနှင့် နီးစပ်သည့် အမည်မဖော် လိုသူက ပြောသည်။

လာမည့်ရက်သတ္တပတ်တွင် တရုတ်ဒုတိယ ဝန်ကြီးချုပ် လျူဟေးက ဝါရှင်တန်မြို့သို့ သွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ် အတွင်း နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ကုန်သွယ်ရေးသဘောတူစာချုပ်နှင့်ပတ်သက်၍ အသေး စိတ်အချက် အလက်များကို ကြေညာရန် ဆန္ဒရှိကြသည်။

ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆို နိုင်ရေးအတွက် မူဘောင်ချမှတ်ရန် ရက်သတ္တ လေးပတ်အချိန် ယူရမည်ဖြစ် ကြောင်း၊  နောက်ထပ်ရက်သတ္တနှစ်ပတ်အကြာတွင်  အသေးစိတ်အချက်အလက်များကို မှတ်တမ်း တင်နိုင်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က   ဧပြီ    ရက်တွင်ပြောသည်။

ကုန်သွယ်ရေးသဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေး ညှိနှိုင်းမှုမှာ  အောင်မြင်မည်ဟုယူ ဆကြောင်းနှင့် မကြာမီ နောက်ထပ်ကြေညာချက်တစ်ခုကို ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ထရမ့်က သမ္မတရုံး၌  ဧပြီ ၁၇ ရက်တွင် ကျင်းပသော အခမ်းအနား တစ်ခု၌ ပြောသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်သော တရုတ်နှင့် အမေရိကန်တို့သည်ကိုးလကြာဖြစ်ပွားလျက်ရှိသော ကုန်သွယ်ရေး စစ်ပွဲကို အဆုံးသတ်စေရန်အတွက် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့ အနေဖြင့် ဆွေးနွေးမှုနောက်ဆုံး အဆင့်နှင့် နီးကပ်လာပြီဖြစ်ကြောင်း နျူချင်းက ပြောသည်။

Ref: The Straits Times

Read 21 times Last modified on Friday, 19 April 2019 09:18