SJ WorldNews - шаблон joomla Авто

လန်ဒန်၌ ရာသီဥတု ပြောင်းလဲမှုအတွက် လမ်းပိတ်ပြီး ဆန္ဒပြသူ ၄၂၈ ဦး အဖမ်းခံရ

Friday, 19 April 2019 09:18 font size decrease font size decrease font size increase font size increase font size

မော်စကို၊ ဆန္ဒပြမှု

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်၌ ရာသီဥတုပြောင်းလဲရေး ဆန္ဒပြမှုနှင့် ပတ်သက်၍  ရဲတပ်ဖွဲ့က ဖမ်းဆီးသူအရေ အတွက် မှာ ၄၂၈ ဦး အထိမြင့်တက်လာကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့သည် ဧပြီ ၁၇ ရက်တွင် ဆန္ဒပြသူ  ၃ဝဝ ကျော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် ပစ္စည်းဥစ္စာများကို ဖျက်ဆီးမှုနှင့်လန်ဒန်မြို့၏အဓိကအဝေးပြေးလမ်းမများတွင် ပိတ်ဆို့မှုများပြုလုပ်သည့်တက်ကြွ လှုပ်ရှားသူများအဓိက ပါဝင် ကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သော Extinction Rebellion က  ဦးဆောင်ပြီး လန်ဒန်မြို့တော်၌ ဧပြီ ၁၅ ရက် မှစတင်ပြုလုပ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် ဂေဟစနစ်ပြောင်းလဲမှုနှင့် ပတ်သက်၍   အရေးပေါ် အခြေအနေ ကြေညာရန် အစိုးရကို   တောင်းဆို ထားပြီး လာမည့် ရက်သတ္တနှစ်ပတ်အထိ နေ့ရောညပါ ဆန္ဒပြမှုကို ဆက်လက်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

လန်ဒန်မြို့တော်ရှိ   အဓိကလူစည်ကား သောနေရာများကို ဆန္ဒပြသူများက ပိတ်ဆို့နေစဉ် မာအယ်အာ လမ်းမ၌ ဆန္ဒပြ မှုများကို ကန့်သတ်ရန် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တောင်းဆိုထားသည်။     

Ref: Sputnik

Read 30 times Last modified on Friday, 19 April 2019 09:21