SJ WorldNews - шаблон joomla Авто

အိန္ဒိယ နိုင်ငံက နျူကလီးယား ဗုံးများ၏ မိခင်ကို ပိုင်ဆိုင်ထား

Friday, 19 April 2019 09:21 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ စစ်ရေး

အိန္ဒိယနိုင်ငံသည် နျူကလီးယားဗုံးများ၏ မိခင်ကိုပိုင်ဆိုင်ထားကြောင်းနှင့် ပါကစ္စတန်၏ နျူကလီးယားဖြင့်ခြိမ်းခြောက် အကျပ်ကိုင်မှု ကို ဂရုစိုက်သွားမည်မဟုတ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကပြောသည်။

အထူးသဖြင့် ပါကစ္စတန်သည် အိန္ဒိယကို  နျူကလီးယားဗုံးဖြင့်ခြိမ်းခြောက်မည်ဖြစ်ကြောင်း၊  အိန္ဒိယနိုင်ငံက လက်တုံ့ပြန် တိုက်ခိုက်မှုများ လုပ်လျှင် နျူကလီးယားဗုံးကို အသုံးပြုမည်ဟုပြောမည်ဖြစ်ကြောင်း နာရန်ဒရာမိုဒီက  ဆူရန်ဒရာ နာဂါခရိုင်၌ပြုလုပ်သော လူထုစည်းဝေးပွဲ တစ်ခုတွင်ပြောသည်။

သို့သော် အိန္ဒိယနိုင်ငံသည် နျူကလီးယား ဗုံးများ၏  မိခင်ကိုပိုင်ဆိုင်ထားပြီဖြစ်သည့်အတွက်   ပါကစ္စတန်၏ မည်သည့် တုံ့ပြန်မှု မျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊  ယခင်က အိန္ဒိယနိုင်ငံသားများသည် ပါကစ္စတန်ကြောင့် ငိုကြွေးခဲ့ရကြောင်း၊ ယနေ့အချိန် အခါသည် ပါကစ္စတန်ပြည်သူများပြန်လည် ငိုကြွေးရမည့် အလှည့်ဖြစ်ကြောင်း   မိုဒီက

ဆက်ပြောသည်။

ပါကစ္စတန် နိုင်ငံသည် ယခင်ကတည်းက အိန္ဒိယနိုင်ငံကို နျူကလီးယားဖြင့် ခြိမ်းခြောက် ခဲ့ကြောင်း၊ သို့သော် ထိုခြိမ်း ခြောက်မှု သည် ဖြီးဖြန်းနေခြင်းသာဖြစ်ကြောင်း အိန္ဒိယ လေတပ်က ပြောပြီးနောက်  ရက်အနည်းငယ် အကြာတွင် မိုဒီ၏ ပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီလ အတွင်းက လုပ်ဆောင်သည့်  အိန္ဒိယလေတပ်က  အကြမ်းဖက် သမားများ၏ အခြေခံ အဆောက် အအုံ များကို တိုက်ခိုက်မှုသည် အိန္ဒိယနိုင်ငံ၏မူဝါဒအသစ်ဖြစ်ကြောင်း၊  အိန္ဒိယ နိုင်ငံတော်သစ်သည် အကြမ်းဖက် သမားများ  ခိုအောင်းရာနေရာများကို တရကြမ်း တိုးဝင် တိုက်ခိုက်ခြင်းဖြင့်  စစ်သွေးကြွများကို   ချေမှုန်းသွားမည်ဖြစ် ကြောင်း မိုဒီက အစောပိုင်းတွင် ပြောထားသည် ဟုသိရသည်။              

 Ref: Sputnik

Read 38 times Last modified on Friday, 19 April 2019 09:22