SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ TikTok အပလီကေးရှင်း ရယူခွင့်ကို ဂူးဂဲတားမြစ်

Friday, 19 April 2019 09:22 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ နည်းပညာ

ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဂူးဂဲသည် အိန္ဒိယနိုင်ငံ၌ လူကြိုက်များရေပန်းစားနေသော TikTok အပလီ ကေးရှင်း ရယူခွင့်ကို တားမြစ်လိုက်ပြီဖြစ်သည်။ ထိုသို့တားမြစ်ရ ခြင်းသည် အိန္ဒိယနိုင်ငံရှိ ပြည်နယ်တရားရုံး၏ အမိန့်ကို လိုက်နာခြင်းဖြစ်ကြောင်း အဆိုပါ ကိစ္စကိုသိရှိသူတစ်ဦးက ယခုသီတင်းပတ်တွင်ပြောသည်။

အဆိုပါအပလီကေးရှင်းကို လူငယ်အများစုကအသုံးပြုနေပြီး အချို့မှာလိင်ပိုင်းဆိုင်ရာဆွဲဆောင်သည့်ပုံစံများဖြင့် ဗီဒီယို အတိုများကိုပြုလုပ်နေခြင်းကြောင့် လိင်ပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်သူများ၏သားကောင်များ ဖြစ်လာနိုင်သည့်အတွက် ထိုအပလီ ကေးရှင်းအသုံးပြုမှု ကိုတားမြစ်ပေးရန် နိုင်ငံတောင်ပိုင်းရှိ တမီးနာဒူပြည်နယ်တရားရုံးက ဗဟိုအစိုးရကို ဧပြီ ၃  ရက်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဂူးဂဲနှင့် အက်ပဲကုမ္ပဏီတို့ အနေဖြင့် ပြည်နယ်တရားရုံး၏တောင်းဆိုချက်ကိုလိုက်လျောပေးရန် ဗဟိုအစိုးရက တောင်းဆိုသည့်စာတစ်စောင်ကို ထိုကုမ္ပဏီများသို့ပေးပို့ ခဲ့ကြောင်း သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့တောင်းဆိုမှုကြောင့် အိန္ဒိယနိုင်ငံ၌အသုံးပြုသည့် ဂူးဂဲပလေး စတိုးမှ အဆိုပါ အပလီကေးရှင်း ရယူမှုကို  ဂူးဂဲက တားမြစ်လိုက်ခြင်းဖြစ်ပြီး အက်ပဲကုမ္ပဏီကမူ ဧပြီ ၁၆ ရက်နှောင်းပိုင်းအထိ ဆက်လက်ခွင့်ပြု ပေးထားသည်ကို တွေ့ ရသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် အပလီကေးရှင်းကို တားမြစ်ခြင်း မဟုတ်ဘဲ ပြည်နယ် အစိုးရ၏ဥပဒေနှင့် အမိန့်များ ကို လိုက်နာခြင်းဖြစ်ကြောင်း ဂူးဂဲကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ထားသည်။ သို့သော် အက်ပဲကုမ္ပဏီက မည်သည့် မှတ်ချက်မျှ ပေးထားခြင်းမရှိကြောင်း သိရသည်။                                                               

Ref: Reuters

Read 37 times Last modified on Friday, 19 April 2019 09:23