SJ WorldNews - шаблон joomla Авто

ပါတီမှားယွင်းမဲပေးမိသူ အိန္ဒိယအမျိုးသား တစ်ဦးက ကိုယ့်လက်ညှိုးကိုဖြတ်

Saturday, 20 April 2019 10:27 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ၌  လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲတွင် ပါတီမှားယွင်းပြီး မဲပေးမိသူ အမျိုးသားတစ်ဦးက ပြင်ဆင်မရသည့် ၎င်း၏အမှားအတွက်  ကိုယ့်လက်ညှိုးကို ဖြတ်လိုက်ကြောင်း သိရသည်။

အွတ်တာပရာဒေ့ပြည်နယ်ရှိ   ဘူလန်ရှာဟာမဲရုံသို့ လာရောက်မဲပေးသည့် ပါဝမ်ကူးမားဆိုသူ အမျိုးသားသည် ပါတီကိုယ်စားလှယ်လောင်း မှားယွင်း၍ မဲပေးမိသည့်အတွက် ကိုယ့်လက်ညှိုးကို ဖြတ်လိုက်ခြင်းဖြစ်သည်။ ပါဝမ်ကူးမားသည် အောက်ခြေ လူတန်းစားများ၏   တဇွတ်ထိုးထောက်ခံမှုကို ရရှိထားသည့် ဘာဟူဂျန်ဆာမက်ပါတီ (BSP)ကို ထောက်ခံသူဖြစ်သည်။

သို့သော် ပါဝမ်ကူးမားသည် အီလက်ထရွန်နစ် မဲပေးစက်ပေါ်ရှိ အခြားပါတီမှ ကိုယ်စားလှယ်လောင်း၏ အမည်ကို မတော်တဆ မှားနှိပ်လိုက်မိသည်။ ထို့ကြောင့် ကိုယ့်လက်ညှိုးကို ဖြတ်ကာ အပြစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပါဝမ်ကူးမားက ပြောသည်။ တာဝန်ရှိသူများသည်  ၎င်းကို  ဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း   မကြာမီဆေးရုံမှ ပြန်ဆင်းလာနိုင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို အဆင့်ခုနစ်ဆင့်ဖြင့် ဧပြီ ၁၁ ရက်မှစတင် ကျင်းပနေခြင်းဖြစ်ပြီး ဒုတိယအဆင့်ကို ဧပြီ ၁၈ ရက်တွင် ပြည်နယ် ၁၁ ခုနှင့် ပြည်ထောင်စု နယ်မြေတစ်ခုတို့၌ ကျင်းပသည်။ နောက်ဆုံး အဆင့်ကို မေ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မဲရလဒ်များကိုမူ မေ ၂၃ ရက်တွင် ကြေညာသွားမည်ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော   အိန္ဒိယနိုင်ငံ၌   ယခုရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရှိသူ သန်း ၉ဝဝ ခန့် ရှိကြောင်း သိရသည်။

Read 27 times Last modified on Saturday, 20 April 2019 10:27