SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားက စမ်းသပ်သော လက်နက်အသစ်က မြေပြင်တိုက်ပွဲ အတွက်ဖြစ်ဟု တောင်ကိုရီးယားပြော

Saturday, 20 April 2019 10:49 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားက ယခုသီတင်းပတ်အတွင်း စမ်းသပ် ပစ်ခတ်လိုက်သည့် နည်းဗျူဟာမြောက် ပဲ့ထိန်းလက်နက်စနစ် အသစ်သည်  ပဲ့ထိန်းဒုံးကျည်မဟုတ်ဘဲ  မြေပြင်တိုက်ပွဲအတွက် လက်နက်သာဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးမှအမည်မဖော်လိုသူ အရာရှိတစ်ဦးက ဧပြီ ၁၉ ရက်တွင် ပြောသည်ဟု Yonhap သတင်းဌာနက ဖော်ပြသည်။ထို့ပြင် ယခုကဲ့သို့ သုံးသပ်ချက် ထုတ်ပြန်မှုကို အမေရိကန် တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း  အဆိုပါအရာရှိက ဆက်ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောထားခြင်း မရှိပေ။

မြောက်ကိုရီးယား စစ်ဘက်၏ နည်းဗျူဟာမြောက်  ပဲ့ထိန်းလက်နက် အသစ်တစ်မျိုး စမ်းသပ်ပစ်ခတ်မှုကို     မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ကြီးကြပ်ကွပ်ကဲ ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဧပြီ ၁၈ ရက်တွင် ဖော်ပြထားသည်။ ငါးလအတွင်း ပထမဆုံး အကြိမ်ဖြစ်သည့် ထိုကဲ့သို့ လက်နက်စနစ်အသစ် စမ်းသပ်နိုင်မှုသည် နိုင်ငံ ၏ စစ်ရေးအင်အားကို တိုးမြှင့်နေချိန်တွင် အလွန်အရေးပါသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ထိုသတင်းဌာနက ဆက်လက် ဖော်ပြထားသည်။ သို့သော် စမ်းသပ်ပစ်ခတ်လိုက်သည့် လက်နက်မှာ မည်သည့်လက်နက်ဖြစ်သည်ကို KCNA  သတင်းဌာနက အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်သည့် လက်နက်စနစ်အသစ်သည် တိုတောင်းသော အကွာအဝေးသို့ အနိမ့်ပျံပြီး သွားနိုင်ဖွယ်ရှိကြောင်း၊ ၎င်းသည် ကီလိုမီတာ ၂ဝ အထိရောက်ရှိနိုင်သည့် အစ္စရေးနိုင်ငံထုတ် တာတိုပစ်ပဲ့ထိန်း ဒုံးကျည်ဖြစ်သည့်  Spikeကဲ့သို့ဖြစ်နိုင်ကြောင်း    လေ့လာသူများက သုံးသပ်ထားသည်။

Read 47 times Last modified on Saturday, 20 April 2019 10:50