SJ WorldNews - шаблон joomla Авто

ကမ္ဘာ့အသေးငယ်ဆုံး​​​မွေးကင်းစ ယောက်ျားလေးတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ

Saturday, 20 April 2019 12:11 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံ၌ အောက်တိုဘာလတွင် မွေးဖွားပြီး မွေးဖွားစဉ် ကိုယ်အလေးချိန်မှာ ပန်းသီးတစ်လုံးထက်သာ  အနည်းငယ်ပိုများသည့် ကမ္ဘာ့အသေးငယ်ဆုံး မွေးကင်းစယောက်ျားလေး တစ်ဦးသည် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ် ကြောင်း ၎င်း၏ဆရာဝန်က ဧပြီ ၁၉ ရက်တွင် ပြောသည်။

ရူဆူကီဆီကီယာဟု အမည်ပေးထားသည့် အဆိုပါ  မွေးကင်းစ ယောက်ျားလေးသည် ၎င်း၏မိခင် တိုရှီကို၏   ဝမ်းဗိုက်အတွင်း၌ ၂၄ ပတ်နှင့် ငါးရက်သာ နေခဲ့ရပြီး မိခင်တွင် သွေးတိုးရောဂါ ရှိသည့်အတွက် အရေးပေါ်ခွဲ မွေးလိုက်ရခြင်းဖြစ်သည်။ ၎င်းကိုမွေးဖွားချိန်တွင် ကိုယ်အလေးချိန်မှာ ၂၅၈ ဂရမ်နှင့် အရပ်မှာ ၂၂ စင်တီမီတာသာရှိသည်။

ရူဆူကီဆီကီယာကို မွေးဖွားပြီးချိန်တွင် ဆရာဝန်များက ၎င်းကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်၌ ထားရှိကာ ပြွန်များဖြင့် အာဟာရ ဖြည့်တင်းပေးသည်။ တစ်ခါတစ်ရံတွင် မိခင်နို့ကို ဂွမ်းစဖြင့်တို့ကာ ကလေး၏ နှုတ်ခမ်းသို့ ဆွတ်ပေးသည်။

ထိုသို့မွေးမြူပြီး ခုနစ်လခန့်ရောက်သည့် အချိန်တွင် ကလေးငယ်၏ ကိုယ်အလေးချိန်မှာ ၃ ကီလိုဂရမ်အထိ ရှိလာပြီဖြစ်သည့်အတွက်  ဆေးရုံမှ ဆင်းခွင့်ရရှိခြင်း ဖြစ်သည်။

ကမ္ဘာ့အသေးငယ်ဆုံး မွေးကင်းစ မိန်းကလေးငယ်မှာ ဂျာမနီနိုင်ငံမှဖြစ်ပြီး ၎င်းကို ၂ဝ၁၅ ခုနှစ်တွင် မွေးဖွားသည်။

မွေးဖွားစဉ်တွင် ကိုယ်အလေးချိန်မှာ ၂၅၂ ဂရမ်သာရှိသည်။ ထိုကဲ့သို့သော ကလေးငယ်များ၏ အသက်ရှင်နိုင်နှုန်းမှာ ယောက်ျားလေးကနည်းပြီး မိန်းကလေးက များကြောင်း သိရသည်။ 

Read 30 times Last modified on Saturday, 20 April 2019 12:12