SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အမေရိကန်တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များက ကိုရီးယား ကျွန်းဆွယ်တွင် ဗုံးကြဲ သည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်

Tuesday, 19 September 2017 08:35 font size decrease font size decrease font size increase font size increase font size

ဆိုး     စက်တင်ဘာ     ၁၈

အမေရိကန်စစ်ဘက်က တောင်ကိုရီးယားလေတပ်နှင့်ပူးပေါင်း၍  ပူးတွဲဗုံးကြဲလေ့ ကျင့်ခန်းပြု လုပ်ရန် အတွက် စက်တင်ဘာ ၁၈ ရက်တွင်

ကိုယ်ပျောက် တိုက်လေယာဉ် လေးစင်းနှင့် မဟာဗျူဟာမြောက်ဗုံးကြဲ လေယာဉ် နှစ်စင်းတို့ကို  ကိုရီးယား ကျွန်းဆွယ်သို့ စေလွှတ်လိုက်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြ ထား သည်။

အမေရိကန်လေတပ်မှF-35B ကိုယ်ပျောက်တိုက်လေယာဉ်လေးစင်းနှင့် B-1B မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်နှစ်စင်းတို့သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကိုရီးယား ကျွန်း ဆွယ်သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း  ပျံတက်လာခြင်းဖြစ်ကြောင်း  တောင်ကိုရီးယား အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့နောက်  ဗုံးကြဲလေယာဉ်များသည်  ဗုံးကြဲခြင်းလေ့ကျင့်ခန်းကို သဏ္ဌာန်တူလုပ်ဆောင်ကာ နေရာအတိအကျမသိရသော အခြေစိုက်စခန်းသို့ပျံသန်းသွားကြောင်း သိရသည်။ အမေရိကန် ဗုံးကြဲ လေယာဉ်များ၊ တိုက်လေယာဉ်များနှင့်အတူ တောင်ကိုရီးယားလေတပ်မှ F-15K တိုက် လေ ယာဉ် လေးစင်းလည်း   ပါဝင်စစ်ရေးလေ့ကျင့်ကြောင်း သိရသည်။

အမေရိကန်၏   မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းများ ကိုရီးယားကျွန်းဆွယ် သို့ရောက်ရှိလာခြင်းသည် မြောက်ကိုရီးယားက စက်တင်ဘာ ၃ ရက်တွင် ခြောက်ကြိမ်မြောက်  နျူကလီး ယား စမ်းသပ်မှုပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ပြင်  မြောက်ကိုရီးယားသည် စက်တင်ဘာ ၁၅ ရက်တွင်လည်း တာလတ်ပစ်ပဲ့ ထိန်းဒုံးကျည် တစ်စင်းကို ဂျပန်နိုင်ငံအားကျော်လွန်၍ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပစ်လွှတ် လိုက် ကြောင်း သိရ သည်။

Read 332 times Last modified on Tuesday, 19 September 2017 08:37