SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပြင်သစ်တွင် အမေရိကန်နိုင်ငံသားလေးဦး အက်စစ်ဖြင့်တိုက်ခိုက်ခံရ၊ ဆေးရုံတွင်ဆေး ဝါးကု သမှု ခံယူလျက်ရှိ

Tuesday, 19 September 2017 08:41 font size decrease font size decrease font size increase font size increase font size

ပဲရစ်   စက်တင်ဘာ   ၁၈

ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးဆိပ်ကမ်းမြို့ရှိ Gare  de  Marseille-Saint - Char-les မီး ရထားဘူ တာရုံ၌ စက်တင်ဘာ ၁၇ ရက်တွင်

အမျိုးသမီးတစ်ဦးက အမေရိကန် နိုင်ငံသား  ခရီးသွားဧည့်သည်လေးဦးကို အက်စစ်ဖြင့်ပက်၍ တိုက်ခိုက်သဖြင့် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း ပဲရစ် မြို့တော် အစိုးရရှေ့နေရုံး ကပြော သည်။

အက်စစ်ဖြင့် တိုက်ခိုက်ခံရသော အမေ ရိကန်အမျိုးသမီးလေးဦးသည် အသက် ၂ဝ ကျော်အရွယ်ဖြစ်ပြီး ဘော့စတွန်ကောလိပ်မှ ကျောင်းသူများဖြစ်သည်ဟု အစိုးရရှေ့နေရုံးမှ ပြောရေး ဆိုခွင့်ရှိ သူတစ်ဦးက ဗဏ သတင်း ဌာနသို့ပြောသည်။  အဆိုပါ အမျိုးသမီး လေးဦး အနက်နှစ်ဦးမှာ အက်စစ်ဖြင့်တိုက်ခိုက် ခံရမှုကြောင့် မျက်နှာပျက်စီးပြီး ကျန်တစ်ဦး မှာ မျက်စိတွင် ဒဏ်ရာရရှိသည်။

ထိခိုက် ဒဏ်ရာများ အတွက် ဆေးဝါး ကုသမှု ဆက်လက်ခံယူရမည်ဖြစ်သော်လည်း ကျောင်းသူများ ၏ အခြေအနေမှာ ကောင်းမွန်ကြောင်း၊ အဆိုပါကျောင်းသူများနှင့် အဆက်

အသွယ်ရရှိပြီးဖြစ်သည့် အပြင်၎င်း၏ မိသားစုဝင်များကိုလည်း ဆက်သွယ်အကြောင်းကြား ပြီးဖြစ် ကြောင်း၊ ပြင်သစ်မှ တာဝန်ရှိသူများ၊ ပဲရစ်မြို့ရှိ  အမေရိကန်သံရုံးမှ  တာဝန်ရှိသူ များနှင့် လည်း ဆက်သွယ်နေပြီဖြစ်ကြောင်း ဘော့စတွန်ကောလိပ်၏   နိုင်ငံတကာအစီ အစဉ်ရုံးမှ ညွှန်ကြားရေးမှူး နစ် ဂိုဇစ်က ၎င်းသတင်းစာသို့ပြောသည်။

ကာမန်း၊ ခရက်နှင့် ဆေးဗားလင်းတို့မှာ BC  in  Paris  အစီအစဉ်အတွက်  ပြင်သစ် နိုင်ငံသို့ ရောက်ရှိ နေခြင်းဖြစ်ပြီး  ကိုစတန် သည် ဒိန်းမတ်နိုင်ငံရှိ ကိုပင်ဟေဂင်စီးပွားရေး တက္ကသိုလ် တွင်  ပညာသင်ယူနေသူဖြစ် ကြောင်း သိရသည်။

အက် စစ်ဖြင့်တိုက်ခိုက်သော အသက် ၄၁ နှစ်ရှိ အမျိုးသမီးမှာ စိတ်ဝေဒနာခံစားနေ ရသည့် အခံရှိပြီး ၎င်းကိုဖမ်းဆီးထားကြောင်း La  Provence သတင်းစာက ဖော်ပြသည်။ ၎င်းသည်  တိုက် ခိုက်မှု ကျူးလွန်စဉ်အတွင်း အစွန်းရောက်ကြွေးကြော်မှုတစ်စုံတစ်ရာမပြု လုပ်ခဲ့ကြောင်း အစိုး ရရှေ့နေတစ်ဦးကပြောသည်။

Read 306 times Last modified on Tuesday, 19 September 2017 08:44