SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တရုတ်နှင့် ရုရှားတို့က မြောက်ကိုရီးယား အနီးတွင် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်

Tuesday, 19 September 2017 08:48 font size decrease font size decrease font size increase font size increase font size

ပေကျင်း    စက်တင်ဘာ    ၁၈

တရုတ်နှင့်ရုရှားတို့က မြောက်ကိုရီးယားနိုင်ငံအနီးရှိရေပိုင်နက်၌ စက်တင်ဘာ ၁၈ ရက်မှစ၍ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများကို စတင်ပြုလုပ်သည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်း၏နျူကလီးယား ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်စဉ်နှင့်   ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အထွေထွေညီလာခံမကျင်းပမီတွင် ယခုကဲ့သို့ပူးတွဲ စစ်ရေး လေ့ ကျင့် ခန်းများ ကိုပြု လုပ်ခြင်းဖြစ်သည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းများကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ဆိပ်ကမ်းအလွန် ပီတာသယ် ဂရိတ် ပင်လယ်ကွေ့နှင့် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ အိုခေါ့ပင်လယ်တောင်ပိုင်း၌ ပြုလုပ်သွား မည်ဖြစ် ကြောင်း တရုတ်နိုင်ငံပိုင် Xinhua  သတင်းဌာနကဖော်ပြထားသည်။

ယင်းစစ်ရေး လေ့ကျင့်ခန်းမှာ တရုတ်-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်ခန်း၏ ဒုတိယပိုင်းလေ့ကျင့် ခန်းဖြစ်ပြီး ပထမပိုင်း စစ်ရေး လေ့ကျင့်ခန်းကို ဇူလိုင်လတွင် ဘောတစ် ပင်လယ် ၌ပြု လုပ်ပြီးဖြစ် ကြောင်း သိရသည်။

ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းများသည် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍  တင်းမာမှုများမြင့် တက်လာခြင်းနှင့်သက်ဆိုင်ခြင်းရှိ၊ မရှိကို  အဆိုပါသတင်းဌာနက တိုက်ရိုက် ဖော်ပြ ထားခြင်းမရှိပေ။ သို့သော် မြောက်ကိုရီးယားအရေးကို ငြိမ်းချမ်းစွာဖြေရှင်းရန် ယင်း နှစ် နိုင်ငံစလုံးက အကြိမ်ကြိမ်တောင်းဆိုထားသည်။

မြောက် ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ခြင်းသည် ယင်းနိုင်ငံအနေဖြင့် လက်တုံ့ပြန်ရန်အခွင့်အလမ်းဖြစ်နေစေကြောင်းနှင့် ဆွေးနွေးပွဲများ အတွက် တံခါးဖွင့် ထားရ မည်ဖြစ်ကြောင်း တရုတ်နိုင်ငံထုတ် China  Daily သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက် ဒုံးကျည်ပစ်ခတ်မှုကိုကြည့်ခြင်းအားဖြင့် မြောက်ကိုရီး ယား အပေါ်အရေးယူပိတ်ဆို့မှုများသည် အလုပ်မဖြစ်ကြောင်း၊အမေရိကန်အနေဖြင့်  မြောက်ကိုရီး ယား အပေါ်  ခြိမ်းခြောက်မှုများ ကိုရှောင်ကြဉ်ရန်နှင့်  ဆွေးနွေးညှိ နှိုင်းခြင်း မှတစ် ဆင့် တင်းမာ မှုများကိုဖြေရှင်းရန်  တရုတ်နိုင်ငံက တိုက်တွန်းကြောင်း အဆိုပါ သတင်း စာ၏ အယ်ဒီတာ့ အာဘော် တွင် ဖော်ပြ ထားသည်။                     

Read 348 times Last modified on Tuesday, 19 September 2017 08:51