SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂနှင့် လုံခြုံရေး သဘောတူညီချက် ချမှတ်ရန် ဗြိတိန်အဆိုပြု

Tuesday, 19 September 2017 08:53 font size decrease font size decrease font size increase font size increase font size

လန်ဒန်   စက်တင်ဘာ   ၁၈

ဥရောပသမဂ္ဂအဖွဲ့မှ ဗြိတိန်နုတ်ထွက်ပြီး ချိန်တွင် နှစ်ဖက်အဖွဲ့ အစည်းအကြား လုံခြုံ ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ချမှတ်ရန် ဗြိတိန်က စက်တင်ဘာ ၁၈ ရက်တွင် အဆိုပြု လိုက်သည်။

အဆိုပါအဆိုပြုချက်သည် လန်ဒန်မြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လူပေါင်း ၃ဝ ခန့် ဒဏ်ရာရရှိစေသည့် ဗုံးခွဲတိုက်ခိုက် မှုဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ် သည်။ ဗြိတိန်နိုင် ငံ အနေဖြင့် ၂ဝ၁၉ ခုနှစ်တွင် ဥရောပသမဂ္ဂမှ အပြီးအပိုင်နုတ်ထွက် ပြီးချိန်၌ ကြီးထွားလာသည့် နယ်စပ်ဖြတ် ကျော်အကြမ်းဖက်မှုများကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင် ငံများ နှင့်အတူ    ပူးပေါင်း၍ ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဗြိတိန်သည်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂအဖွဲ့နှင့် နက်ရှိုင်းစွာ ပူးပေါင်း လျက်ရှိသောကြောင့် ယင်းအခြေအနေကို  ဆက်လက်ထိန်းသိမ်း နိုင်မည့်နည်းလမ်း ရှာဖွေခြင်း သည် နှစ်ဖက် အဖွဲ့အစည်းများ၏ အကျိုးစီးပွားပင်ဖြစ် ကြောင်း ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေး ဆိုင်ရာဝန်ကြီး ဒေးဗစ်ဒေးဗီးက ထုတ်ပြန် ချက်တစ်စောင်တွင် ပြော သည်။

Read 312 times Last modified on Tuesday, 19 September 2017 08:54