SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အီရန်နျူကလီးယားသဘောတူစာချုပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ဆွေးနွေးပွဲတွင် စေ့စေ့ စပ်စပ် စိစစ် လျက်ရှိ

Tuesday, 19 September 2017 08:56 font size decrease font size decrease font size increase font size increase font size

နယူးယောက်  စက်တင်ဘာ  ၁၈

အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြား ၂ဝ၁၅ ခုနှစ်တွင် ချုပ်ဆိုထားသော နျူကလီး ယား သဘောတူ စာချုပ်ကို  ကုလသမဂ္ဂ၏ ယခုရက်သတ္တပတ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌

စေ့စေ့ စပ်စပ်စိစစ်လျက်ရှိကြောင်း သိရသည်။အစ္စရေးက ပြိုင်ဘက်နိုင်ငံဖြစ်သော အီရန်နိုင်ငံအား ဖိအားပေးမှုများရှိနေစဉ် အမေရိ ကန်အစိုးရ အနေဖြင့် အဆိုပါနျူကလီးယား သဘောတူ စာချုပ် ကို ဆက်လက်ထိန်းသိမ်းရန်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်း လျက်ရှိသည်။

ဒေသတွင်း အီရန်နိုင်ငံ၏ မတည်မငြိမ် ဖြစ်လာနိုင်သည့်အကြောင်းအရာနှင့်ပတ် သက်၍ စိုးရိမ်ပူပန်မှုများအား အမေရိကန် သို့ ပြောပြရမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေ ရသော အခက်အခဲ များနှင့် အီရန်အရေးကိစ္စပါရောထွေးသွား ပါက အရာအားလုံးဆုံးရှုံးရသကဲ့သို့ ဖြစ်လာနိုင်ကြောင်း ထိပ်တန်း ဥရောပ သံတမန်တစ်ဦး ကပြောသည်။                 

Read 312 times