SJ WorldNews - шаблон joomla Авто

စစ်သွေးကြွများ ဖမ်းဆီးထားသည့် ဓားစာခံ နှစ်ဦးကို ဖိလစ်ပိုင် စစ်ဘက်ပြန်လည် ကယ်ဆယ်

Tuesday, 19 September 2017 09:38 font size decrease font size decrease font size increase font size increase font size

ဒါဗာအိုစီးတီး စက်တင်ဘာ ၁၈

ဖိလစ်ပိုင်အစိုးရ တပ်များသည် မာရာဝီမြို့ အတွင်းရှိ မော့စစ်သွေးကြွများက လပေါင်းများစွာကြာ ဖမ်းဆီးထားသော ဓားစာခံနှစ်ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ဘက်သည်စစ်သွေးကြွများကို မြို့အတွင်းမှ အပြီးတိုက်ထုတ်နိုင်ရန် ထိုးစစ်ဆင်မှု အတွင်း ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာတယ်ရစ်ဆီတို ချီတိုဆူဂါနော့ အပါအဝင် ဓားစာခံနှစ်ဦးကို ပြန်လည် ကယ် ဆယ်နိုင်ခြင်းဖြစ်သည်။

စစ်သွေးကြွများသည်၎င်းတို့ကို မေ ၂၃ ရက်တွင် မာရာဝီမြို့အား စီးနင်းတိုက်ခိုက်ပြီးနောက် တိုက် ပွဲများ စတင်သည့်အချိန်မှစ၍ ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်။

အစိုးရတပ်များသည် စစ်သွေးကြွများ၏ ကွပ်ကဲမှုဌာနချုပ် အဖြစ် အသုံးပြုနေသည့် ဒုတိယ အကြီးဆုံး ဘာတိုဗလီကို စီးနင်း တိုက်ခိုက်ပြီးနောက် ဓားစာခံများကို ပြန်လည် ကယ်ဆယ် နိုင်ခြင်းဖြစ် သည်

Read 322 times Last modified on Tuesday, 19 September 2017 09:40