SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကာကွယ်ရေး တိုးမြှင့်ရန် ကာတာက ဗြိတိန် Typhoon တိုက်လေယာဉ် ၂၄ စင်းဝယ်ယူ

Tuesday, 19 September 2017 09:53 font size decrease font size decrease font size increase font size increase font size

ဒိုဟာ စက်တင်ဘာ ၁၈

ကာတာနိုင်ငံသည် ၎င်းတို့၏ကာကွယ်ရေး စွမ်းအားကို တိုးမြှင့်ရန်အတွက် ဗြိတိန် နိုင်ငံမှ 

Typhoon အမျိုး အစား တိုက်လေယာဉ်၂၄ စင်းကို ဝယ်ယူရန် စက်တင်ဘာ ၁၈ ရက်တွင် သဘောတ လက်မှတ်ရေးထိုး လိုက်ကြောင်းသိရသည်။

နှစ်နိုင်ငံသဘောတူစာချုပ်ကို ကာတာကာကွယ်ရေး ဝန်ကြီး ခါလစ်ဘင်မိုဟာမက်အယ် အက်တီယာနှင့် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖော်လန်တို့က ရေးထိုးခြင်းဖြစ်သည်။ သဘော တူညီချက်အရ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ရေးနှင့်နည်း ပညာကဏ္ဍတို့တွင် အပြန်အလှန်ထောက်ပံ့ပေးရေးစသည့်အချက်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ကာတာသည် ဗြိ တိန်၏ မဟာဗျူဟာမြောက် လုပ်ဖော် ကိုင်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား ယခုကဲ့သို့ သဘောတူညီချက် ချမှတ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဖော်လန်ကဆိုသည်။

ယင်းနောက်တွင် နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးများသည် စစ်ရေးတွင်ပူးပေါင်းဆောင် ရွက်နိုင် မည့် အလားအလာ၊ အထူးသဖြင့်အကြမ်းဖက်တိုက်ဖျက်ရေး၊ အစွန်းရောက်အကြမ်းဖက်မှုနှင့် ဒေသ တွင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

Read 366 times Last modified on Tuesday, 19 September 2017 09:55