SJ WorldNews - шаблон joomla Авто

မူဝါဒမ ခိုင်မာမှုကြောင့် အင်ဒိုနီးရှား နိုင်ငံက ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် အမှိုက်ပုံ ဖြစ်လာ

Tuesday, 14 May 2019 09:28 font size decrease font size decrease font size increase font size increase font size

အစိုးရ၏ မူဝါဒ မခိုင်မာမှုကြောင့် အင်ဒိုနီးရှား နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် အမှိုက်ပုံဖြစ်လာပြီ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောသည်။

ထို့ကြောင့် ၂ဝ၁၆ ခုနှစ်တွင် ချမှတ်ထားသော စွန့်ပစ်ပစ္စည်း တင်သွင်းမှု မူဝါဒကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ၎င်းတို့က ကုန်သွယ်ရေး ဝန်ကြီးဌာနကို တောင်းဆိုထားသည်။

အမေရိကန် အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများသည် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်း ကုန်သွယ်မှုကို ကန့်သတ်ရန် မကြာသေးမီက သဘောတူထားသော်လည်း အင်ဒိုနီးရှား နိုင်ငံ၌မူ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ တရားမဝင် ကုန်သွယ်မှုကို တားမြစ်ရန်အတွက် မူဝါဒများ တင်းကျပ်ရန် လိုအပ်နေဆဲ ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောသည်။

တရုတ်သည် စွန့်ပစ်ပစ္စည်းတင်သွင်းမှုကို တားမြစ်လိုက်သည့် အချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ ပလတ်စတစ် အမှိုက်များတင်ပို့မှု တိုးမြင့်လာကြောင်း ဂရင်းပိအဖွဲ့၏ ဧပြီလ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ စွန့်ပစ်ပစ္စည်း ၂၄ မျိုးတင်သွင်းမှုကို တားမြစ်လိုက်ခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ်နှစ်ကုန်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့သည့် စွန့်ပစ်ပစ္စည်းသည် တစ်လလျှင် တန်ချိန် ၁ဝဝဝဝ ရှိရာမှ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ချိန် ၃၅ဝဝဝ အထိ တိုးမြင့်လာကြောင်း သိရသည်။

Ref: The Jakarta Post

Read 40 times Last modified on Tuesday, 14 May 2019 09:28