SJ WorldNews - шаблон joomla Авто

ပင်လယ်ကွေ့ရှိ အမေရိကန် တပ်ဖွဲ့များက အီရန်အတွက် ပစ်မှတ်တစ်ခုသာ ဖြစ်ဟုဆို

Tuesday, 14 May 2019 09:28 font size decrease font size decrease font size increase font size increase font size

ပင်လယ်ကွေ့ဒေသ၌ အမေရိကန်တပ်ဖွဲ့များ တည်ရှိမှုသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ ပစ်မှတ်တစ်ခုသာ ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ပြောသည်ဟု ISNA သတင်းဌာနက ဖော်ပြသည်။

အနည်းဆုံး လေယာဉ်အစင်း ၄ဝ မှ ၅ဝ အထိပါဝင်ပြီး စစ်သည် ၆ဝဝဝ ခန့် လိုက်ပါလာသည့် အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စင်းသည် ယခင်က အီရန်အတွက် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်သော်လည်း ယခုအခါ ပစ်မှတ်တစ်ခုသာ ဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်စစ်ဘက်က လှုပ်ရှားမှု တစ်ခုခုကို လုပ်ဆောင်လျှင် အီရန်ကတိုက်ခိုက်မည် ဖြစ်ကြောင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေတပ်အကြီးအကဲ အာမီရာလီဟာဂျီဇာဒေးက မေ ၁၂ ရက်တွင် ပြောသည်။

အမေရိကန် အစိုးရသည် အရှေ့အလယ်ပိုင်းရှိ အီရန်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် လေယာဉ်တင် သင်္ဘောတစ်စင်းနှင့် B-52 အမျိုးအစား ဗုံးကြဲလေယာဉ်များကို အဆိုပါ ဒေသသို့ ပို့ဆောင်ထားသည်။ အီရန်အစိုးရသည် ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားအပေါ် တိုက်ခိုက်လာနိုင်သည်ဟူသော ထောက်လှမ်းရေး သတင်းများကြောင့် တပ်ဖွဲ့များကို ဖြန့်ကြက်ရခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မေ ၁၃ ရက်တွင် ပြောသည်။

ဆီးရီးယား၊အီရတ်၊လက်ဘနွန်နှင့် ယီမင်တို့၌ အီရန်၏ ကိုယ်စားစစ်ပွဲဆင်နွှဲနေမှုကို အဆုံးသတ်ရေး၊ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကို လျှော့ချစေရေး ဖိအားပေးသည့် အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံပေါ် စီးပွားရေး ပိတ်ဆို့မှုများကို ထပ်မံချမှတ်လိုက်ခြင်း ဖြစ်သည်။

Ref: Reuters

Read 20 times Last modified on Tuesday, 14 May 2019 09:29