×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ အလွန်အမင်း မြင့်တက်

Wednesday, 15 May 2019 09:24 font size decrease font size decrease font size increase font size increase font size

ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် ကမ္ဘာ့လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏမှာ စတင်တိုင်းတာသည့် အချိန်မှစ၍ အမြင့်ဆုံးသော အဆင့်သို့ ရောက်ရှိလာကြောင်း အမေရိကန်နိုင်ငံရှိ သိပ္ပံပညာရှင်များက ပြောသည်။ ထိုသို့တွေ့ရှိမှုသည် လူလုပ်ဖန်လုံအိမ် ဓာတ်ငွေ့များ အဆင်အခြင်မဲ့ ထွက်ရှိမှုများနှင့် ပတ်သက်၍ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ်ရှိ မောနာလို အာသုတေသနဌာနသည် ၁၉၅ဝ ပြည့်လွန်နှစ် နှောင်းပိုင်းမှစ၍ ကမ္ဘာ့လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို တိုင်းတာခဲ့ခြင်း ဖြစ်သည်။ မေ ၁၁ ရက်တိုင်းတာမှုတွင် ကမ္ဘာ့လေထု အတွင်း၌ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ၄၁၅ ဒသမ ၂၆ ပီပီအမ်ရှိသည်ကို တွေ့ရသည်။

ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ထိုမျှပါဝင်သည့် နောက်ဆုံးအချိန်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးသန်းကျော်က ဖြစ်ပြီး ထိုအချိန်က ပင်လယ်ရေမျက်နှာပြင်သည် မီတာပေါင်းများစွာ မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုတွေ့ရှိမှုသည် လူသားများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်း မရှိသည်ကို ပြသနေခြင်း ဖြစ်ကြောင်း၊ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှု ပမာဏသည် တစ်နှစ်ပြီးတစ်နှစ် ပို၍ မြင့်တက်လာမည်သာ ဖြစ်ကြောင်း ရာသီဥတု၏ သက်ရောက်မှု သုတေသနဌာနမှ ဝေါ့ဂန်းလုက ပြောသည်။ ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချရန် ကြိုးပမ်းမည့် ပဲရစ်ရာသီဥတု သဘောတူညီချက် တစ်ခုကို ကမ္ဘာ့နိုင်ငံ အများအပြားက လက်မှတ်ထိုးထားသည်။ သို့သော် အဆိုပါ သဘောတူညီချက်ပါ အချက်အလက်များအတိုင်း လိုက်နာကျင့်သုံးရန် နိုင်ငံအများအပြားက ပျက်ကွက်နေသေးကြောင်း သိရသည်။ Ref: AFP

Read 50 times Last modified on Wednesday, 15 May 2019 09:25