SJ WorldNews - шаблон joomla Авто

တရုတ်က ဗင်နီဇွဲလားသို့ ဆေးဝါးအထောက်အပံ့ ၇၁ တန်ပေးပို့

Wednesday, 15 May 2019 09:25 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရနှင့် ဗင်နီဇွဲလား အစိုးရတို့၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ တရုတ်နိုင်ငံက ဗင်နီဇွဲလား နိုင်ငံသို့ ဆေးဝါးအထောက်အပံ့ ၇၁ တန်ကို ပေးပို့သည်။

ယခုပေးပို့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မတ် ၂၉ ရက်တွင် ပထမအကြိမ်အဖြစ် ဆေးဝါးအထောက်အပံ့ ၆၅ တန်ကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ဆေးဝါးများနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ ပါဝင်သည့် ဘိုးအင်း ၇၄၇ လေယာဉ်သည် မေ ၁၃ ရက်တွင် ကရားကာ့မြို့ရှိ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာကြောင်း ဗင်နီဇွဲလား အစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

တရုတ်နိုင်ငံအပြင် ရုရှားနိုင်ငံ၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့မှ ဆေးဝါး အထောက်အပံ့ စုစုပေါင်း ၁၆၆ တန်ကို ရရှိထားပြီ ဖြစ်ကြောင်း ဗင်နီဇွဲလား ကျန်းမာရေးဝန်ကြီး ကားလော့အယ်ဗာရာဒိုက ပြောသည်။

အာဏာလုပွဲနှင့် ပြည်ပမှ ကြားဝင်စွက်ဖက်မှုများ ဖြစ်ပွားနေသည့် ဗင်နီဇွဲလားနိုင်ငံ၌ ငါးနှစ်ဆက်တိုက် စီးပွားရေး ကျဆင်းမှုနှင့် ကြုံရပြီးနောက် အစားအစာနှင့်ဆေးဝါးကဲ့သို့ အခြေခံလိုအပ်ချက်များ ဆိုးဆိုးဝါးဝါး ပြတ်တောက်နေသည်။ ဗင်နီဇွဲလားပြည်သူသန်း ၃ဝ အနက် လေးပုံတစ်ပုံနီးပါးမှာ အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံ၏ စီးပွားရေး ကျဆင်းရခြင်းသည် အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် ဖြစ်ကြောင်းနှင့် အမေရိကန် ဒေါ်လာဘီလီယံ ၃ဝ အထိ ဆုံးရှုံးနေရကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒူရိုက စွပ်စွဲ အပြစ်တင်ထားသည်။

Ref: AFP

Read 21 times Last modified on Wednesday, 15 May 2019 09:26